သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ရုရှားအာကာသယာဉ်မှူး ၂ ဦး တနှစ်နီးပါးအကြာ ချောမွေ့စွာ ကမ္ဘာကိုပြန်ရောက်


ကမ္ဘာပတ်လမ်းထဲမှာ ရက်ပေါင်း ၃၄၀ ကြာ နေထိုင်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး Scott Kelly နဲ့ ရုရှားက အာကာသယာဉ်မှူး Mikhail Kornienko တို့ ၂ ဦးဟာ အခု ကမ္ဘာမြေပေါ်ကို ချောချောမောမော ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ရုရှား Soyuz အာကာသယာဉ်က Kelly နဲ့ Kornienko တို့ ၂ ဦးအပြင် နောက် ရုရှား အာကာသယာဉ်မှူး တဦးဖြစ်တဲ့ Sergey Volkov တို့ကိုပါ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ Soyuz ယာဉ်ဟာ ISS အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ ထွက်ခွာလာပြီး ၃ နာရီအကြာ ဗုဒ္ဓဟူးနေ့ မနက် စောစောမှာ ရေခဲနေတဲ့ Kazakhstan က မြေပြင်ပေါ်မှာ ညှင်ညှင်သာသာပဲ သက်ဆင်းခဲ့တာပါ။ Volkov ကတော့ ISS ပေါ်မှာ ၆ လကြာနေထိုင်ပြီး ပြန်လာတဲ့သူ ဖြစ်ပါတယ်။

အာကာသယာဉ်မှူး Kelly ဟာ အာကာသထဲမှာ အကြာဆုံးနေထိုင်တဲ့ လူသားအဖြစ် အမေရိကန် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။ သူနဲ့ Kornienko တို့ ၂ ဦးဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာနေရင်း ကမ္ဘာကို အကြိမ်ပေါင်း ၅၄၄၀ ပတ်ခဲ့တာမို့ သန်းပေါင်း ၁၄၄ မိုင်သွားခဲ့ပြီး နေဝင်နေထွက် ကြိမ်ပေါင်း ၁ သောင်းကျော် မြင်တွေ့ခဲ့သူတွေ ဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ အာကာသခရီးစဉ်ကနေ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဟာ မြေဆွဲအား အနည်းငယ်ပဲရှိတဲ့ အရပ်ဝန်းကျင်မှာ ဘယ်လောက်ကြာကြာ နေနိုင်တယ်ဆိုတာကို စမ်းသပ်ခဲ့တာပါ။ ဒါဟာ အာကာသထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ဖို့ လိုအပ်တဲ့ အင်္ဂါဂြိုဟ် ဒါမှမဟုတ် တခြား နေစကြာဝဠာထဲက တခြားနေရာတွေကို သွားမယ့် အာကာသယာဉ်မှူးတွေအတွက် ရည်ရွယ် စမ်းသပ်တာလည်း ဖြစ်ပါတယ်။

၁၉၉၀ နှစ်တွေတုန်းကတော့ ရုရှားဆရာဝန်တဦးဟာ အာကာသထဲမှာ ရက်ပေါင်း ၄၃၈ ရက် ဆက်တိုက် နေနိုင်ကြောင်း ပြသခဲ့ပါတယ်။

XS
SM
MD
LG