သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton မြန်မာနိုင်ငံသွား


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton ဟာ မြန်မာနိုင်ငံကို မတ်လ ၁၅ ရက်နေ့က ၂၄ ရက်နေ့အထိ သွားမယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက မြေမြှုပ်မိုင်းတွေရှိတဲ့နေရာတွေမှာ နေထိုင်နေကြရသူတွေကို အကူအညီပေးဖို့ အမေရိကန်ရဲ့ အားထုတ်ဆောင်ရွက်ရေး ကိစ္စတွေကို လက်ထောက်ဝန်ကြီး Rick Barton ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ မြေမြှုပ်မိုင်း ပပျောက်ရေး ဆောင်ရွက်နေကြ သူတွေ၊ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေ၊ ဒေသကိုယ်စားပြု တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူမှုအခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြေမြှူပ်မိုင်းရှိရာဒေသကလူတွေကို ကူညီနိုင်ဖို့အတွက် အမေရိကန်အစိုးရဟာ မြန်မာအစိုးရအပြင် တိုင်းရင်းသားတွေ၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးတဲ့ အစီအစဉ်တွေနဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရထား သူတွေကို ကူညီဖို့ အမေရိကန်က ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါ တယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက်လည်း အမေရိကန်အစိုးရက ဆက်ပြီး တိုက်တွန်း ဆောင်ရွက်နေပါတယ် ဆိုတာကို နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Victoria Nuland က သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG