သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးချုပ်တရားသူကြီး အမည်တင်သွင်းဖို့ အိုဘားမားပြင်ဆင်


မကြာမီက ကွယ်လွန်ခဲ့တဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Antonin Scalia ရဲ့ လစ်လပ်တဲ့နေရာကို အစားထိုး ခန့်အပ်နိုင်ဖို့ သမ္မတ Barack Obama နဲ့ အထက်လွှတ်တော်က ဒီမိုကရက်တစ် ပါတီဝင်တွေက ဆက်လက် လုပ်ဆောင်သွားမယ်လို့ အလေးအနက် ပြောကြားခဲ့ကြပါတယ်။

ဒါဟာ ဒီနှစ်အတွင်း နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးနေရာမှာ အစားထိုးခန့်အပ်ဖို့ အမည်တင်သွင်းမယ့်သူက အထက်လွှတ်တော် ရီပတ်ဘလီကန်တွေက လက်မခံနိုင်ကြောင်း တရက်အကြာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ တရားရုံးချုပ်မှာ လစ်လပ်တဲ့နေရာရှိရင် အမည်တင်သွင်းခွင့် ရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒမှာ ဖော်ပြထားပြီး အထက်လွှတ်တော်အနေနဲ့လည်း ဖွဲ့စည်းပုံအရ အကြံပေး၊ ခွင့်ပြုခြင်းတို့ကို ပြုလုပ်နိုင်ခွင့် ရှိတဲ့အတွက် သူ့အနေနဲ့ သူ့တာဝန်ကို လုပ်ဆောင်မှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

မစ္စတာ အိုဘားမားကတော့ တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်တင်သွင်းမယ့် ပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအပေါ် ထိရောက်မှုရှိစေမယ့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို နားလည် သဘောပေါက်သူ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့ ဘလော့ခ်မှာ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့က အခုလို ရေးသားခဲ့ရာမှာတော့ ကွယ်လွန်သူ တရားသူကြီး Antonin Scalia ရဲ့ လှစ်လပ်တဲ့နေရာမှာ သူ့ရဲ့ ရွေးချယ်မှုကို ဘယ်တော့ ကြေညာမယ်ဆိုတာကိုတော့ အရိပ်အမြွက် ဖော်ပြခြင်း မရှိခဲ့ပေမဲ့ နောင်လာမယ့် သီတင်းပတ်တွေမှာ ဖြစ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG