သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားဆက်သွယ်မှုများ ကြားဖြတ်ယူခွင့် အမေရိကန်လွှတ်တော် သက်တမ်းတိုး


အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံခြားသားတွေရဲ့ တယ်လီဖုန်း စကားပြောဆိုမှုတွေနဲ့ အင်တာနက် ဆက်သွယ်ရေး တွေကို ပြည်ထောင်စုအစိုးရက ဝရမ်းမလိုဘဲ ကြားဖြတ် နားထောင်ခွင့်ပြုတဲ့ ဥပဒေကို နောက်ထပ် ၅ နှစ်သက်တမ်း တိုးမြှင့်ရေး အထက်လွှတ်တော်က မဲအများစုနဲ့ မနေ့က အတည်ပြု လိုက်ပါတယ်။

Foreign Intelligence Surveillance Act နိုင်ငံခြားသားတွေ အပေါ် စောင့်ကြည့် ထောက်လှမ်းတဲ့ ဥပဒေကို အောက် လွှတ်တော်ကနေ ဒီနှစ်ဆန်းပိုင်းက အတည်ပြု ခဲ့ပြီး ဖြစ်ပါတယ်။ မနေ့က သောကြာနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက အထူး ထောက်ခံခဲ့ကြရာမှာ ၇၃ မဲ ၂၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီဥပဒေကို သမ္မတအိုဘားမားက လက်မှတ်ရေးထိုးပြဌာန်းဖို့ တင်ပြထားပြီး ဖြစ်ပါတယ်။

ဒီဥပဒေကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းမှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အကြမ်းဖက်သမားနဲ့ ဆက်သွယ်တယ်လို့ မသင်္ကာတဲ့လူတွေကို ထောက်လှမ်းဖို့အတွက် ပြဌာန်းခဲ့တာလို့ ဆိုပါတယ်။

ထောက်လှမ်းသူတွေက တရားရေးဌာနရဲ့ သဘောတူညီချက်မလိုဘဲ ကြားဖြတ် နားထောင်လို့ရတဲ့ အတွက် အစိုးရက ဒီဥပဒေကို အလွဲသုံးစား လုပ်နိုင်တဲ့အတွက် ပြည်သူတွေရဲ့ အတွင်းရေးနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာ အနှောက်အယှက် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။
XS
SM
MD
LG