သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အမည်စာရင်းမှ Susan Rice နှုတ်ထွက်


U.S. Ambassador to the U.N. Susan Rice
U.S. Ambassador to the U.N. Susan Rice
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့နေရာမှာ အစားထိုးရွေးချယ်မယ့် နိုင်ငံခြားရေး ဝန်ကြီးလောင်းတွေရဲ့ အမည်စာရင်းထဲမှာ ထည့်သွင်းထားတာကို ပယ်ဖျက်ပေးဖို့အတွက် လက်ရှိကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး တာဝန်ထမ်းဆောင်နေသူ ဆူဆန်ရိုက်စ်က သမ္မတ ဘရပ်ခ်အိုဘားမားကို ပန်ကြားလိုက်ပါတယ်။ သူ့ရဲ့ နှုတ်ထွက်လွှာကို လက်ခံလိုက်ကြောင်း အမေရိကန်သမ္မတ ဘရပ်ခ်အိုဘားမားက ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မစ္စစ်ရိုက်စ်ဟာ လက်ရှိကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး တာဝန်ကို ဆက်လက် ထမ်းဆောင်မှာဖြစ်တဲ့အပြင် အိုဘားမား အစိုးရအဖွဲ့ရဲ့ ကက်ဘိနက်ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ဆက်ပြီးရှိနေမယ်လို့ သမ္မတကပြောပါတယ်။ လစ်ဗျားနိုင်ငံ ဘမ်ဂါဇီမြို့မှာ စက်တင်ဘာလ ၁၁ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့ အတိုက်အခိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး မစ္စစ်ရိုက်စ်ရဲ့ ပြောကြားချက်တွေအတွက် ဝေဖန်မှုတွေ မခံရခင်အချိန်အထိ သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလောင်းစာရင်းထဲမှာ ထိပ်ဆုံးက ရှိနေသူပါ။ အဲ့ဒီ့ အတိုက်အခံခံရမှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခရစ်စတိုဖာ စတီဗင် အပါအဝင် သံတမန်လေးဦးသေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အစ္စလာမ်ဘာသာဝင်တွေ မကျေနပ်ကြတဲ့ အမေရိကန်မှာထုတ်လုပ်တဲ့ ဗီဒီယိုခွေကို ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့်လို့ မစ္စစ်ရိုက်စ်က ပြောကြားခဲ့တာမို့ အတိုက်အခံ ရီပတ်ပလင်ကမ်ပါတီဝင်တွေဟာ သူဟာ ထောက်လှမ်းရေးသတင်းအမှားထုတ်ပြန်တယ်လို့ စွတ်စွဲခဲ့ကြတာပါ။

နောက်ပိုင်းမှာ ဒါဟာ အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်မှုလို့ အတည်ပြုခဲ့ပါတယ်။ သမ္မတအိုဘားမားကတော့ သူဟာ အဲ့ဒီ့အချိန်တုန်းက ရခဲ့တဲ့ သတင်းအချက်အလက်အပေါ်မှာ အခြေခံပြီးပြောကြားခဲ့တာဖြစ်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။ မစ္စစ်ရိုက်စ် နှုတ်ထွက်ခဲ့တာမို့ အခုအခါမှာ နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် အထက်လွှတ်တော်အမတ်ဂျွန်ကယ်ရီက ပြိုင်ဖက်တွေထဲမှာ ထိပ်ဆုံးဖြစ်နေပါတယ်။
XS
SM
MD
LG