သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသံရုံးလုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အမေရိကန်အမိန့်ထုတ်


ဝါရှင်တန်ဒီစီမှာရှိတဲ့ ဆီးရီးယား သံရုံးကို သူ့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အမေရိကန် အရာရှိတွေက ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံသား ဒါမှမဟုတ် တရားဝင်အမြဲတန်း နေထိုင်ခွင့် မရှိတဲ့ ဆီးရီးယား သံတမန်အားလုံး အမေရိကန် ပြည်ထောင်စုက ထွက်ခွာရမယ်လို့ သူတို့က ပြောလိုက်တာပါ။

ဒီအမိန့်ဟာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ဆီးရီးယား ကောင်စစ်ဝန်ရုံး ၂ ခုစလုံးအတွက် အကျုံးဝင်ပါတယ်။ ဆီးရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Daniel Rubinstein က မနေ့က အင်္ဂါနေ့မှာပဲ ဒီအမိန့်ကို ကြေညာလိုက်တာပါ။

ဆီးရီးယား သံရုံးက သံရုံးရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ပစ်လိုက်တဲ့အတွက်နဲ့ ဆီးရီးယား ပြည်သူတွေအပေါ် မစ္စတာ အာဆတ် အစိုးရ ကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မီးမောင်းထိုးပြချင်တဲ့အတွက် အခုလို ထုတ်ပြန်လိုက်တာလို့ မစ္စတာ Rubinstein ကပြောပါတယ်။

ဒါပေမဲ့ ဆီးရီးယား ပြည်သူတွေရဲ့ နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့တာကို ဖော်ပြတဲ့အနေနဲ့ ဆီးရီးယားနိုင်ငံနဲ့ သံတမန် ဆက်ဆံမှုတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားချင်ပါတယ်လို့ Mr. Rubinstein ကပြောပါတယ်။ မစ္စတာ အာဆတ် အာဏာက ဆင်းပေးပြီးတဲ့နောက် နှစ်ပေါင်းများစွာအထိ ဆက်လက် တည်တံ့သွားမယ့် ဆက်ဆံရေးလို့လည်း သူကပြောသွားပါတယ်။
XS
SM
MD
LG