သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံကို လက်နက်ပေးရေး ဒီအပတ် ကန်ဆုံးဖြတ်မည်


အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဒီသီတင်းပတ်ထဲ ဆက်တိုက်ဆိုသလို အရေးတကြီး ဆွေးနွေးမှုတွေကနေ ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တွေကို လက်နက် ထောက်ပံ့ ပေးသင့် မသင့် ဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်တဲ့အကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ တခြားအစိုးရ အေဂျင်စီက တာဝန်ရှိသူတွေဟာလည်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အမျိုးသား လုံခြုံရေးဌာန အရာရှိတွေနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုအတွက် ကြိုတင်စီစဉ်နေကြတာပါ။

ဆီးရီးယား ပြည်တွင်းစစ်မှာ အစိုးရကို ထောက်ခံကြတဲ့ အီရန်နဲ့ လက်ဘနွန်က ဟက်ဇ်ဘူလာတွေ တပ်ဖွဲ့တွေက အသာစီးရနေတယ်ဆိုပြီး စိုးရိမ်မကင်း ဖြစ်မှုတွေနဲ့အတူ အရေးပေါ် ဆွေးနွေးမယ့် အစီအစဉ်တွေလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ သမ္မတ အိုဘားမား အနေနဲ့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို စဉ်းစားနိုင်အောင် ပြင်ဆင်ထားတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဆီးရီးယား အတိုက်အခံ အင်အားစုတွေကတော့ သူတို့အတွက် အကူအညီတွေ ကြီးကြီးမားမား မရဘူးဆိုရင် ဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး သတိပေးထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆီးရီးယားမှာ ရောက်ရှိနေကြတဲ့ ဟက်ဇ်ဘူလာ စစ်သွေးကြွ ၅ ထောင်ဟာ အစိုးရရဲ့ ထိုးစစ်တွေမှာ ကူညီတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆိုရင်လည်း လက်ဘနွန် နယ်စပ်နားက ကူဆာအီမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုနောက်ဆုံးမှာ ဆိုရင်လည်း အချက်အခြာမြို့တမြို့ဖြစ်တဲ့ Homs ကို ဆီးရီးယား အစိုးရတပ်တွေက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေကို ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG