သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ဒုက္ခသည် ၁ သိန်းအထိ တိုးလက်ခံမည်


ဂျာမနီကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယား စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၀၊ ၂၀၁၅)
ဂျာမနီကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယား စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၀၊ ၂၀၁၅)

ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အကြီးမားဆုံးဖြစ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်အစုလိုက်အပြုံလိုက် ရောက်လာနေတဲ့ပြဿနာကို ရင်ဆိုင် ဖြေရှင်းနေချိန်မှာ သမ္မတအိုဘားမားအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချမယ့် ဒုက္ခသည်ဦးရေကို လာမယ့် ၂၀၁၇ ခုနှစ်မှာ တနှစ်ကို တသိန်းအထိ တိုးမြှင့်ခွင့်ပြုမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်အများစုဖြစ်တဲ့ နောက်ထပ် ဒုက္ခသည်ဦးရေ ၇,၀၀၀ ဟာ တနင်္ဂနွေနေ့မှာ ဗီယက်နာ မြို့တော်အရှေ့ဘက်က အဓိကနယ်စပ်လမ်းကနေ ရောက်လာဖို့ရှိတယ်လို့ မျှော်လင့်ထားကြောင်း Austria အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်အစိုးရရဲ့အခုလိုဆုံးဖြတ်ချက်ဟာ “ဒုတိယမြောက်အခွင့်အရေးနဲ့ မျှော်လင့်ချက်အပြည့်ရှိနေတဲ့ တိုင်းပြည်” ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံးအစဉ်အလာအရဖြစ်တယ်လို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်ဆိုင်ရာပြည်ဝင်ခွင့်ဗီဇာအပေါ်ကန့်သတ်ချက်အရ တနှစ်ကို ၇၀,၀၀၀ ထိသတ်မှတ်ထားပေမဲ့ အစီအစဉ်သစ်အရ ၂၀၁၆ ခုနှစ်မှာ ၈၅,၀၀၀ ဦးရေ ထိတိုးမြှင့်သွားမှာဖြစ်သလို ၂၀၁၇ ခုနှစ်မှာတော့ ဒုက္ခသည်ဦးရေ တသိန်းအထိ လက်ခံမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ လာမယ့်နှစ်တွေမှာလည်း တသိန်းထက်ပိုပြီး သတ်မှတ်လက်ခံဖို့ အားပေးတဲ့နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

တနင်္ဂနွေအစောပိုင်းမှာတော့ ဟန်ဂေရီနိုင်ငံကနေ သြစတြီးယားနိုင်ငံထဲ ၂၄ နာရီအတွင်း နယ်စပ်ကျော်ဖြတ် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်ဦးရေ (၁၁,၀၀၀) ရှိတယ်လို့ သြစတြီးယားအစိုးရကပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်အများစုထဲက နောက်ထပ် ဒုက္ခသည်ဦးရေ (၇,၀၀၀) ဟာ တနင်္ဂနွေနေ့မှာ ဗီယက်နာမြို့တော်အရှေ့ဘက်ကို ဖြတ်ကျော် ဝင်ရောက်လာဖို့ရှိတယ်လို့လည်း သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်အများစုဟာ Balkans ဒေသကနေ အနောက်ဥရောပနိုင်ငံတွေစီကို ခက်ခဲပင်ပန်းတဲ့ခရီးကို ဖြတ်ကျော်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ လေးရက်အတွင်း သူ့နိုင်ငံပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် (၂၁,၀၀၀) ရှိတယ်လို့ Croatia နိုင်ငံကပြောပါတယ်။

XS
SM
MD
LG