သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်ဝါဒ လူမှုကွန်ယက် မီဒီယာဖြင့်တုန့်ပြန်မည်


အမေရိကန်နဲ့ အာရပ်စော်ဘွားများနိုင်ငံ UAE။
အမေရိကန်နဲ့ အာရပ်စော်ဘွားများနိုင်ငံ UAE။

အမေရိကန် နဲ့ အာရပ်စော်ဘွားများနိုင်ငံတွေက IS အစ္စလာမ်အစွန်းရောက်တွေကို၊ တန်ပြန်တဲ့ ကြိုးပမ်းမှု အသစ်တရပ်ကို ဗုဒ္ဓဟူးနေ့မှာ စတင်လိုက်ပါတယ်။ IS စစ်သွေးကြွ အယူဝါဒတွေကို ရင်ဆိုင်ဖို့ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးချပြီး၊ ဒေသတွင်းက သဘောထားမတင်းမာတဲ့သူတွေနဲ့ လွတ်လပ်ခွင့်ကို လက်ခံတဲ့ သဘောထားတွေကို ဖော်ပြသွားဖို့ဖြစ်ပါတယ်။

အဘူဒါဘီအခြေစိုက် ဆာဝက်စင်တာက - Twitter နဲ့ Youtube စာမျက်နှာတွေမှာ ဖော်ပြတဲ့ သတင်းစကားတွေနဲ့ ဗီဒီယိုတွေမှာတော့၊ စစ်သွေးကြွတွေဟာ အမုန်းတရားတွေ၊ အကြောက်တရားတွေနဲ့ ဘာသာရေးမတူကွဲပြားမှုတွေကို လက်မခံတဲ့အယူအဆတွေကို ပံျနှံဖို့အောင် အစ္စလာမ်ဘာသာကို မလိမ့်တပတ်လုပ်နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ၊ အမေရိကန်လွတ်လပ်ရေးနေ့မတိုင်ခင် သီတင်းပတ်တွေအတွင်း အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်တချို့ကို FBI ပြည်ထောင်စု စုံစမ်းရေးဗြူရိုက နှိမ်နှင်းနိုင်ခဲ့တယ်လို့ FBI အကြီးအကဲ James Comey က ကြာသာပတေးနေ့မှာ ပြောလိုက်ပါတယ်။

၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ ဘယ်နေရာမှာ ဘာကို တိုက်ခိုက်ဖို့ကြံစည်နေတယ်ဆိုတာကိုတော့ အသေးစိတ်ပြောသွားခြင်းမရှိခဲ့ပါဘူး။

XS
SM
MD
LG