သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်ပြန်များနေ့ ဆင်နွဲှ


နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန် စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလက အီရတ်က တပ်တွေ ရုပ်သိမ်းပြီးနောက်ပိုင်း ပထမဆုံး စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ လည်း ဖြစ်ပါတယ်။ ဒီနှစ် အားလပ်ရက်မှာလည်း သက်ရှိထင်ရှား သိပ်မကျန်တော့တဲ့ ဒုတိယကမ္ဘာစစ်က စစ်ပြန်တွေကို ဂုဏ်ပြုဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

စစ်ပြန်စစ်မှုထမ်းဟောင်းနေ့တိုင်းမှာ အမေရိကန် သမ္မတ က အာလင်တန် အမျိုးသား စစ်သင်္ချိုင်းက အမည်မသိ အထိမ်းအမှတ် အုတ်ဂူမှာ ပန်းခွေချ ပါတယ်။

အမေရိကန် ပြည်ထောင်စု တဝန်းမှာ ဒီကနေ့ စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ အထိမ်းအမှတ်ပွဲတွေ အခမ်းအနားတွေကို ကျင်းပကြပါတယ်။ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ အတွက် အစိုးရရုံးတွေကတော့ တနင်္လာနေ့မှာ အစား ပိတ်မှာပါ။ စစ်ပြန်စစ်မှု ထမ်းဟောင်းနေ့ဟာ အရင် ၁၉၁၉ ခုနှစ်က ပထမ ကမ္ဘာစစ် အပြီး စစ်ပြေငြိမ်းရေး အထိမ်းအမှတ်နဲ့ Armistice Day လို့ ခေါ်တွင်ခဲ့တာပါ။

ဒီလို မသတ်မှတ်ခင် အရင်တနှစ် ၁၁ လပိုင်း ၁၁ ရက် ၁၁ နာရီမှာ ဂျာမဏီနဲ့ မဟာမိတ်တပ်ဖွဲ့တွေကြား စစ်ပြေငြိမ်းခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှာလည်း စစ်အတွင်းက ကျဆုံးခဲ့သူတွေကို အောက်မေ့ဖွယ်နေ့ အဖြစ် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ခေတ္တငြိမ်သက် ဂုဏ်ပြုခဲ့ပါတယ်။
XS
SM
MD
LG