မြောက်ကိုရီးယားရဲ့ နျူကလီးယားဗုံး စမ်းသပ်မှုဟာ အငယ်စား နျူကလီးယားဗုံးဖြစ်ပြီး အမေရိကန်နိုင်ငံကို တိုက်ခိုက်နိုင်တဲ့ ဗုံးအဆင့်အထိ ထုတ်လုပ်မယ့် အစီအစဉ် ခြေလှမ်းတဆင့် တက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အင်္ဂါနေ့က စမ်းသပ်တဲ့ နျူကလီးယားဗုံးဟာ အရင်က စမ်းသပ်မှုတွေထက်စာရင် ပို သေးငယ် ပေါ့ပါးပြီး ပိုအားကောင်းတဲ့အတွက် တာဝေးပစ် ဒုံးပျံ ထိပ်ဖူးမှာ တပ်ဆင် ပစ်လွှတ်နိုင်တဲ့အထိ တိုးတက်နေပြီလို့ မြောက်ကိုရီးယားအရေး သုံးသပ်သူ အန်ဒရီ လန်းခေ့ါဗ် (Andrei Lankov) က ဗွီအိုအေကို ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံကို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နိုင်တဲ့ အဆင့်ရောက်ဖို့ သုတေသနတွေ စမ်းသပ်မှုတွေနဲ့ အချိန်အတော်ယူရမှာဖြစ်ပြီး အမေရိကန်နိုင်ငံ ကို မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ စပြီး တိုက်ခိုက်မယ်လို့ မထင်ကြောင်း ပြောပါ တယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်သွားတဲ့ တာဝေးပစ် ဒုံးပျံကို ကမ္ဘာမြေပြင်ဆီကို ပြန်လှည့်လာနိုင်အောင် ထိန်းကြောင်းပေးမယ့် အာကာသယာဉ် ပုံစံကို ရေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းနေတာပါ။ အဓိက အရေးကြီးတဲ့ အချက်ကတော့ ကမ္ဘာမြေပြင်ဆီကို အပြန်ခရီးမှာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံဟာ အလွန်မြင့်တဲ့ အပူချိန်နဲ့ ဖိအားကို ခံနိုင်ရည် ရှိရမှာဖြစ်ပါတယ်။
အလားတူပဲ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား စခန်းတွေကို စပြီး တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် Lowy နိုင်ငံတကာ မူဝါဒရေးရာဌာန တာဝန်ရှိသူ ရော်ရီ မက်ခဖ် (Rory Medcalf) က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂရဲ့ တားမြစ်မှုကို အလေးမထားဘဲ နျူကလီးယားဗုံး စမ်းသပ်ခဲ့တဲ့အတွက် နျူကလးီယားလက်နက် ကာကွယ်ရေး စနစ်တွေကို ပိုမို ခိုင်မာအောင် ပြင်ဆင်ထားဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တဆက်တည်းမှာပဲ သတိပေး နှိုးဆော်လိုက်ပါတယ်။
သမ္မတ အိုဘားမား က မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေးနဲ့ ကြွယ်ဝမှုကို လိုလားတယ် ဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာ သိသင့်ပါတယ်။ ဒီလို ရန်လိုတဲ့ အပြုအမူဟာ မြောက်ကိုရီးယားနိုင်ငံအတွက် အထီးကျန်မှုကိုပဲ ဖြစ်စေမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုအပေါ် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဖို့ မိမိတို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ကာကွယ်ရေး စနစ်တွေကိုလည်း ပိုမိုအားဖြည့်သွားမယ့်အကြောင်း အင်္ဂါနေ့ညက မိန့်ခွန်းမှာ ထည့်သွင်း
ပြောဆိုသွားပါတယ်။