သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေကြောင်းတိုက်ခိုက်မှု ဆားဗီယားသံဝန်ထမ်း၂ဦး သေဆုံး


အမေရိကန် လေယာဉ်များ တိုက်ခိုက်ခဲ့သော လစ်ဗျားနိုင်ငံ၊ Sabratha မြိုု့ အနီးရှိ IS စစ်သွေးကြွ လေ့ကျင့်ရေး စခန်းကို ဖေဖော်ဝါရီလ ၁၉ရက်က တွေ့ရစဉ်။ (Photo -Sabratha Municipal Council via AP)
အမေရိကန် လေယာဉ်များ တိုက်ခိုက်ခဲ့သော လစ်ဗျားနိုင်ငံ၊ Sabratha မြိုု့ အနီးရှိ IS စစ်သွေးကြွ လေ့ကျင့်ရေး စခန်းကို ဖေဖော်ဝါရီလ ၁၉ရက်က တွေ့ရစဉ်။ (Photo -Sabratha Municipal Council via AP)

လစ်ဗျားနိုင်ငံ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့အပေါ် မနေ့က အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလထဲက ပြန်ပေးဆွဲခံထားရတဲ့ ဆာဗီးယား သရုံးဝန်ထမ်း (၂) ဦး သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဒီလေကြောင်းတိုက်ခိုက်မှုမှာ နိုင်ငံ အနောက်ပိုင်းက IS စစ်သွေးကြွ သင်တန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆာဗီယားနိုင်ငံခြားရေးဝန်ကြီး Ivica Dacci အနေနဲ့ ဒီနေ့ပဲ ဘဲဂရက်မြို.မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ခုလို ထုတ်ပြောရာမှာ ဒီသေဆုံးသူ (၂) ဦးဟာ သံရုံးဆက်သွယ်ရေးအရာရှိ Sladjana Stankovic နဲ့ ကားဒရိုင်ဘာ Jovica Stepic တို့ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဝန်ကြီး Dacic ကပဲ မနှစ် နိုဝင်ဘာလတုံးက ဆာဗီယား သံအမတ်အပါအဝင် သူတို့ သံတမန် ယာဉ်တန်းကို လစ်ဗျားကမ်းခြေမြို့ Sabratha မှာ ပစ်ခံခံခဲ့ရစဉ် ဒီ သေဆုံးသွားသူ (၂) ဦး ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီး Dacic ကဆက်ပြီး ခုလို သူတို့ (၂) ဦး သေဆုံးသွားရတဲ့ သတင်းကို နိုင်ငံခြား အရာရှိတွေက ဆာဗီးယားအစိုးရကို ပြောပြခဲ့တာဖြစ်ပေမဲ့ လစ်ဗျားအစိုးရဘက်ကတော့ အတည်ပြုပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မနေ့ သောကြာနေ့မှာ အမေရိကန် စစ်လေယာဉ်တွေသုံးပြီး တူနီးရှားနယ်စပ်နား လစ်ဗျားဘက်မှာရှိတဲ့ IS အစ္စလာမ် စစ်သွေးကြွ သင်တန်ကျောင်းကို တိုက်ခိုက်ခဲ့ရာမှာ အဓိကပစ်မှတ်တွေကို ထိသွားခဲ့ပြီး စစ်သွေးကြွအဖွဲ့ဝင်သစ် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ပွဲထဲမှာ ဒီ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Noureddine Chouchane ကျဆုံးသွားဖို့ များတယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတွေက ဝါရှင်တန်မြို.တော်မှာ ထုတ်ပြောလိုက်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ် ပြန်ကြားရေး တာဝန်ခံ Peter Cook က ဒီ လေကြောင်းတိုက်ခိုက်မှုဟာ တကယ့်ကို အောင်မြင်ခဲ့တယ်လို့ သူတို့ယုံကြည်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ထုတ်ပြောလိုက်ပါတယ်။

XS
SM
MD
LG