မြန်မာနိုင်ငံပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အမည်မည်း ပယ်ဖျက်စာရင်း မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သွားလာ လည်ပတ်မှုတွေ ကန့်သတ်ခံနေရတဲ့ ကျန်နေတဲ့သူတွေကိုလည်း အခုလို အမည်မည်းစာရင်းကနေ ပယ်ဖျက်ဖို့ တောင်းဆိုသလို၊ အကျဉ်းကျနေတဲ့ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုပါ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အမည်မည်းစာရင်းပါ လူပုဂ္ဂိုလ် ၆ထောင်ကျော်ထဲကနေ၊ ပယ်ဖျက်လိုက်တဲ့ နှစ်ထောင်ကျော်စာရင်းကို မနေ့ကစလို့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေပါ ဒီစာရင်းထဲမှာ ပါဝင်ပါတယ်။ ထူးထူးခြားခြားဆိုရင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒရင်းအောဗရိုက်ပါ ပါဝင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ အခုလို ထုတ်ပြန်ချက်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ ခြေလှမ်းတရပ်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျန်ကန့်သတ်တားမြစ်ချက်တွေကိုလည်း ပယ်ဖျက်ပေးဖို့ တိုက်တွန်းတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ Daragh Paradiso က ဗွီအိုအေ ကို ပြောပါတယ်။
“လွတ်လွတ်လပ်လပ် သွားလာခွင့်တွေ ရကြမယ့် မြန်မာအစိုးရရဲ့ ဒီ ထုတ်ပြန်ချက်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း အခုလို ပြည်ဝင်ခွင့် ပြည်ပထွက်ခွင့် စတဲ့ သွားလာမှုတွေ ချုပ်ခြယ်ကန့်သတ်ခံနေရဆဲ သူတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း မရှိသေးတဲ့အပေါ်မှာတော့ ကျမတို့ စိုးရိမ်မကင်းဖြစ်နေရဆဲပါ။"
သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် အခြားဖြစ်ထွန်းမှုတွေ မြန်မာအစိုးရက လုပ်လာပြီးတဲ့နောက်မှာပဲ အခုလို ကြေညာချက်တွေ ပေါ်ထွက်လာတာပါ။ ဒါကြောင့် ဒါဟာ မြန်မာအစိုးရရဲ့ ကျယ်ပြန်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေထဲက တခုလို့ ယူဆရမှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ တရားဥပဒေနဲ့အညီ အခိုင်အမာဖြစ်အောင် ရှေ့တိုး ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလူတွေ အားလုံး အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေး ဖို့ကိုလည်း မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။”
အမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်တဲ့ နှစ်ထောင်ကျော်စာရင်းထဲမှာ ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေအပြင် အခြား တက်သိပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီအထဲ ကနေဒါနိုင်ငံ Alberta တက္ကသိုလ်က ဒေါက်တာ ခင်စောဝင်းလည်း တဦးဖြစ်ပါတယ်။
အခုလို အမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်တာဟာ ကောင်းမွန်တဲ့လက္ခဏာ မင်္ဂလာသတင်းလို့ သူက မြင်ပါတယ်။ ဒါပေမယ့် သူတို့တွေအနေနဲ့ မြန်မာနိုင်ငံထဲဝင်ပြီး ဘယ်လောက် အတိုင်းအတာ အထိ လူထုလုပ်ငန်းတွေ လုပ်ခွင့်ရမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဒေါက်တာခင်စောဝင်းက ပြောပါတယ်။
“ လောလောဆယ်မှာတော့ ကောင်းတဲ့ လက္ခဏာ အပေါင်းလက္ခဏာလို့ ယူဆပါတယ်။ ပြီးတော့ ဒါဟာ ဘာပဲပြောပြော ယုံကြည်ချက်ကွဲပြား ခြားနား အတွေးအခေါ်တွေ ကွဲပြားခြားနားပေမယ့် ကျမတို့ကတော့ ဦးတည်ချက်ကတော့ တစ်ခုပဲ။ တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်နိုင်တယ်။ လုပ်ကြမယ်ဆိုတဲ့ ဒါ လက္ခဏာတစ်ရပ်လို့ ကျမတို့ ယူဆတဲ့အတွက်ကြောင့် ဒါအင်မတန် မင်္ဂလာရှိတဲ့ သတင်းလို့ပဲ ကျမယူဆပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာတော့ ကျမတို့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါ အခုမှ စစခြင်းဆိုတော့ ဘယ်လောက် အတိုင်းအတာအထိ ကျမတို့ လွတ်လပ်ခွင့်ရှိမလဲ ကိုယ်ယုံကြည်ရာ တကယ်ပြည်သူလူထု အတွက် တကယ်ကောင်းကျိုးဖြစ်စေမယ့် လုပ်ငန်းတွေ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် မှန်မှန်ကန်ကန် လုပ်နိုင်မလဲလို့ ဆိုတာတော့ ကျမတို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။”
ဒေါက်တာခင်စောဝင်းတို့အနေနဲ့က ကျမ်းမာရေး လူမူရေး ကိစ္စတွေကို နယ်စပ်တွေမှာ လုပ်နေတာရှိပါတယ်။ အခု မြန်မာနိုင်ငံထဲ သွားပြီး လုပ်ဖို့ စိတ်ကူးစိတ်သန်းရှိပါသလားလို့ ကိုသားညွန့်ဦးက ဆက် မေးခဲ့ပါတယ်။
“ဟုတ်ကဲ့။ အရင်က လုပ်နေတာတော့ မဟုတ်ဘူး။ အရင်ကလည်း လုပ်တယ်။ အခုလည်း လုပ်နေတုန်းပေါ့။ အခုလည်း လုပ်နေရတယ်ဆိုတာက လိုအပ်ချက် အရပေါ့ ပြည်သူလူထုတွေက လိုအပ်နေသေးတယ်။ ဒီကျမ်းမာရေးကိစ္စတွေ နယ်စပ်ဒေသတွေမှာ လူတွေ အများကြီး ကျမ်းမာရေး ပြုစုစောင့်ရှောက်မူ ကို လက်လှမ်းမှီဖို့ဆိုတာကို လိုနေသေးတယ်ဆိုတာကို ကျမတို့ လောလောဆယ် လုပ်နေရတုန်းပါပဲ။
အဲ့တော့ ဒါက လိုအပ်ချက်အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူလူထုရဲ့ လိုအပ်ချက်က နယ်စပ်မှာ မရှိဘဲနဲ့ ပြည်တွင်းမှာ ပိုပြီးတော့ လိုအပ်တယ် ဆိုလို့ရှိရင်လည်း ကျမတို့က ပြည်တွင်းမှာ လုပ်ဆောင်မှာပါ။ ဒါပေမယ့်လည်း အခုလိုမျိုး နယ်စပ်ဒေသ ဒီတရားမဝင် သေးတဲ့သူတွေမှာ တရားဝင်နေထိုင်ခွင့် မရသေးတဲ့သူတွေအတွက် လိုအပ်နေသေးတယ်။ အဲ့ဒီ့ပြည်သူလူထုတွေ တကယ်ရှိနေသေးတယ်ဆိုရင်လည်း ကျမတို့ ဒီမှာ လည်း မလစ်ဟာရအောင်လို့ ဆက်လုပ်နေရဦးမှာပါပဲ။”
ဒေါက်တာခင်စောဝင်းဟာ မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒေါက်တာစင်သီယာမောင်ဦးဆောင်တဲ့ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းရဲ့ အမှုဆောင်တဦးဖြစ်ပါတယ်။ အဲဒီအဖွဲ့က အမှုဆောင်အားလုံး အခု အမည်မည်းစာရင်းကနေ ပယ်ဖျက်ခံရတယ်လို့လည်း သိရပါတယ်။
မြန်မာအစိုးရအနေနဲ့ အမည်မည်းစာရင်းကနေ နှစ်ထောင်ကျော်ကို အခု ပယ်ဖျက်လိုက်ပြီဖြစ်ပြီး၊ ကျန်နေသေးတဲ့ လေးထောင်ကျော် စာရင်းကိုလည်း စီစစ်ပြီး ပယ်ဖျက်သွားဖို့ အစီအစဉ်ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပို်င်းကို ပြောခဲ့ပါတယ်။