မြန်မာနိုင်ငံက ဝါသနာရှင်ဘတ်စ်ကတ်ဘော အားကစားသမားတွေကို အမေရိကန်နိုင်ငံသို့ နှစ်ပတ်ကြာ ဘတ်စကတ်ဘောပညာရပ်တွေ ဆည်းပူးဖို့ စေလွှတ်မည့် အကြောင်းနှင့်ပတ်သတ်ပြီး ဒိကနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မီဒီယာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ လေ့လာရေး သွားရောက်မည့် မြန်မာဘတ်စကက်ဘော
အားကစားသမားတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကလည်း သရုပ်ပြ ဘတ်စကတ်ဘောကစားခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့
ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက်ကိုအောင်ရဲမောင်မောင်က
တင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဝါသနာရှင်အဆင့် ကျောင်းသားလူငယ် ဘတ်စကတ် အားကစားသမား (၁၂)ဦးကို ဇန်နဝါရီလ (၆)ရက်ကနေ (၂၀)ရက်နေ့အထိ အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်နှင့် မြောက်ကာရိုးလိုင်းနားမှာ ဘတ်စကတ်ဘော အားကစားနည်းတွေနဲ့ ပတ်သတ်ပြီး လေ့လာ သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ အခုလို အမျိုးသားလူငယ်(၆)ဦးနှင့် အမျိုးသမီးလူငယ်(၆)ဦးတို့ကို အမေရိကန်နိုင်ငံမှာ ဘတ်စကတ်ဘော နည်းပညာတွေ လေ့လာခွင့်ရအောင် စီစဉ်ပေးတာဟာ အမေရိကန် မြန်မာ ဆက်ဆံရေးပြန်ကောင်းလာပြီးနောက် ပထမဆုံးလုပ်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က
အခုလို ဘတ်စကတ်ဘော အားကစားနည်း ထွန်းကားတဲ့ အမေရိကန်နိုင်ငံမှာ
မြန်မာလူငယ်တွေကို ဘတ်စကတ်ဘောနည်းပညာတွေ သင်ကြားလေ့လာခွင့်ရအောင် စီစဉ်ပေးနိုင်လို့ ဂုဏ်ယူမိတယ်လို့လည်း သူကဆိုပါတယ်။
"သံအမတ်ကြီးပြောသွားခဲ့တာကတော့ အခုအစီအစဉ်ကနေ အမေရိကန်နိုင်ငံက
ဘတ်စကက်ဘော နည်းစနစ်တွေကို လေ့လာသင်ကြားခွင့်ရမှာပဲဖြစ်ပါတယ်။
သိတဲ့အတိုင်းပဲ ဘတ်စကက်ဘောအားကစားဟာ အမေရိကန်နိုင်ငံက အစပြုခဲ့တာဖြစ်လို့ ကျနော်တို့ဂုဏ်ယူပါတယ်။ အခုဆိုရင် ဘတ်စကက်ဘော အားကစားနည်းဟာ ကမ္ဘာတစ်လွှားမှာလည်း ကစားနေကြပြီဖြစ်ပါတယ်။ အခုလိုအမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံက လူငယ်ကစားသမားတွေကို စေလွှတ်ပြီး နည်းစနစ်ပိုင်းတွေ ဘတ်စကက်ဘောပညာရပ်ပိုင်းတွေကို လေ့လာစေနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်လို့" သံအမတ်ကြီးပြောသွားခဲ့တာဖြစ်ပါတယ်။
ဘတ်စကတ်ဘောဟာ အမေရိကန်မှာ ထွန်းကားတာကြောင့် အမေရိကန်က စနစ်ကျတဲ့ နည်းပညာပိုင်းတွေ ရရှိမှာဖြစ်ပြီးတော့ အခုအစီအစဥၤဟာ မြန်မာနိုင်ငံရဲ့ ဘတ်စကတ်ဘောလောက တိုးတက်မှုတွေလည်း ဖြစ်ထွန်းလာနိုင်တယ်လို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ် က တွဲဖက် အတွင်းရေးမှူးဒေါ်ဥမ္မာအောင်ကပြောပါတယ်။
"ဘတ်စကတ်ဘောက အမေရိကန်ကစတယ် ဆိုတော့ အန်တီက ဒီဘတ်စကတ်ဘောရဲ့ အခြေခံ အင်မတန်စနစ်ကျတဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို သူတို့တွေရရှိလိမ့်မယ်လို့မျှော်လင့်တယ်။ နောက်ပြီးတဲ့အခါမှာ ဒီခလေးတွေတိုးတက်ဖို့အတွက် ဆင့်ကဲဆင့်ကဲ နောက်ထပ် ပရိုဂမ်အသစ်တွေဝင်လာပြီးတဲ့အခါ ဘတ်စကတ်ဘော လောကတိုးတက်ရေးအတွက် အများကြီးအထောက်အကူဖြစ်မယ်လို့ယုံကြည်ထားပါတယ်"
မြန်မာကျောင်းသားလူငယ် ၁၂ ဦး က အမေရိကန်နိုင်ငံမှာ ဘတ်စကက်ဘော အား ကစားနည်း စနစ်တွေ လေ့လာခွင့် ပေးတာကြောင့် ဘတ် စကက်ဘော နည်းစနစ်တွေ ကောင်းကောင်းလေ့လာခွင့်ရလိမ့်မယ်လို့ထင်တဲ့အကြောင်း
ကျောင်းသားလူငယ် အားကစားသမား ဂျပ်စတင် က ပြောပါတယ်။
"အရမ်းကောင်းပါတယ်။ သူတို့က အရပ် လည်းရှိတော့ သူတို့ဘယ်လိုလုပ်လုပ်ဖြစ်နေတယ်။ ကျနော်တို့မြန်မာတွေက အရပ်လည်းမရှိ ဘော်ဒီလည်းမရှိတော့ သူတို့ကိုကြည့်ပြီးအားကျမိတာပေါ့"
တိုင်းနဲ့ပြည်နယ် အစုံကနေ ဝါသနာ ပါရဲ့ သားနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘတ် စကက်ဘော ကစားခွင့် မရှိတဲ့ သူတွေကို အဓိကထားခေါ် ယူ ခဲ့တဲ့ အတွက် ပျော်ရွှင်မိတယ်လို့လည်းကျောင်းသူ အားကစား မယ် မနှင်းအိသူ က ပြောပါတယ်။
"ပြည်နယ် နဲ့ တိုင်းတွေ အစုံကနေ အဲ့လိုမျိုးဝါသနာပါရဲ့သားနဲ့ အကြောင်းအမျိုးမျိုးကြောင့် မကစားဖြစ်တဲ့သူတွေကို အဲလိုမျိုးရွေးပြီးတော့ခေါ်တယ်။ အဲဒါကြောင့်မို့လို့ဝင်ပါခဲ့တာပါ"
လွန်ခဲ့တဲ့ ၂ လလောက် မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံထိပ်တန်း ဘတ်စကတ်ဘောလိခ်တစ်ခုဖြစ်တဲ့ အမ်ဘီအေ က နာမည်ကြီး ကစားသမားတွေ လာရောက်ခဲ့ပြီး သရုပ်ပြပွဲတွေ လည်း ကစားသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမြန်မာနိုင်ငံက လူငယ် ကစားသမားတွေကို အမေရိကန် နိုင်ငံ ကိုစေလွှတ်ပြီး မြန်မာဘတ်စကက်ဘောလောက အောင်မြင်လာအောင် ကူညီမှုတွေပေးခဲ့ တာလို့မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး က ပြောသွားခဲ့ပါတယ်။