သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာတချို့ မဲပေးရခက်


ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံး။
ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံး။

ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲပေးနိုင်ရေး ဝါရှင်တန်မြို့ မြန်မာသံရုံးက စတင် စီစဉ်ဆောင်ရွက်နေပေမဲ့ အလှမ်းဝေးတဲ့ပြည်နယ်တွေက မြန်မာတွေအဖို့ မဲကိုယ်တိုင်သွားပေးဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲကျင်းပချိန် အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးနိုင်ဖို့ မြန်မာသံရုံးက စာရင်းတွေကောက်ခံနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

၂၀၁၅ခုနှစ် အောက်တိုဘာလအကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတွေ အနေနဲ့ မဲပေးနိုင်ဖို့ ဝါရှင်တန်မြို့ မြန်မာသံရုံးကနေ ဇွန်လ (၂၉)ရက်နေ့က နာမည်စာရင်းတွေကို စတင်ကောက်ခံနေပါပြီ။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားပြီး အသက်(၁၈)နှစ်ပြည်သူ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံးကို မဲပေးဖို့အမည်စာရင်းပေးပို့ကြရမှာဖြစ်ပါတယ်။

အခုလိုရွေးကောက်ပွဲမှာ အဝေးရောက်မြန်မာတွေ မဲပေးနိုင်ဖို့ မြန်မာသံရုံးရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ကြိုဆိုပေမဲ့ သံရုံးနဲ့ အလှမ်းဝေးတဲ့ ပြည်နယ်တွေရောက်နေတဲ့ သူတွေ အတွက် မဲပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အော်ရီဂွန်ပြည်နယ်မှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ကိုဝင်းမင်းက ဗွီအိုအေက ပြောပါတယ်။

" သုံးနေရာပဲရှိတယ်။ ဝါရှင်တန်တို့ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား သုံးနေရာပဲ မဲကိုယ်တိုင် သွားပေးရမယ်ဆိုရင်တော့ ကျနော်တို့ အမေရိကား မှာ ရော်ကနေတဲ့ မြန်မာနိုင်ငံ သားတွေ အတွက် အခက်အခဲတော့ တော်တော် များမယ်ဗျ။ အမေရိကားဆိုတာလည်း ပြည်နယ်တွေ လည်း အများကြီးပဲ။ နောက်ပြီးတော့ တနေရာနဲ့ တနေရာ ခရီးသွားရတာ လမ်းပမ်း ဆက်သွယ်ရေး လွယ်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အရတော့ နည်းနည်းတော့ ခက်မယ်ဗျ။ ဈေးကလည်း ကြီးတယ်။ ကားနဲ့ပဲ သွားသွား၊ လေယာဉ်နဲ့ပဲ သွားသွား၊ အသွားအလာ၊ ဈေးနှုန်းက နည်းနည်းကြီးတဲ့အခါကျတော့ အဲ့ဒီ့နေရာဒေသကို အရောက်သွားပြီး မဲပေးရမယ်ဆိုရင်တော့ မဲလာပေးမယ့်သူ အရေအတွက် နည်းမယ်လို့တော့ ထင်တယ်။"

တက္ကဆက်ပြည်နယ်ရောက်မြန်မာနိုင်ငံသူ မ မဉ္ဇူကလည်း မဲပေးလို့ ရနိုင်တဲ့ အခြားနည်းလမ်းတွေကို သံရုံးကနေ ဖေါ်ပြပေးသင့်ကြောင်းပြောပါတယ်။

" ညီမက တခြားပြည်နယ် တက္ကဆက်မှာ နေတဲ့အတွက်ကြောင့် အဲ့ဒီ့သံရုံးရှိတဲ့ ဝါရှင်တန်နဲ့ lA ကို ကိုယ်တိုင်သွားပြီး မဲပေးဖို့က အခက်အခဲဖြစ်တယ်။ တခြားနည်းလမ်းတွေ လွယ်ကူအောင်လို့ အဲ့ဒီ့သံရုံးက တခြား နည်းလမ်းတွေ ဖော်ပြပေးသင့် တာပေါ့နော်။ တခြားနည်းလမ်းကတော့ အကောင်းဆုံးကတော့ အဲ့ဒီ့အွန်လိုင်းမှာ မဲပေးနိုင်ရင် ကောင်းမှာပေါ့နော်။ ဒါမှမဟုတ် တခြားနည်းလမ်း နောက်တခု ရှိတာကတော့ စာတိုက်ကနေ ဖောင် အတိအကျရှိတဲ့ဟာကို ဖြည့်ခိုင်းပြီး ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ တိုက်ရိုက်ပို့လိုက်တာပေါ့။"

အလှမ်းဝေးတဲ့ပြည်နယ်တွေရောက် မြန်မာတွေအတွက် စာတိုက်ကြေးနန်း ကပေးပို့တဲ့ စနစ်ကို စီစဉ်ပေးဖို့ ကိုဝင်းမင်းကအခုလိုအကြံပြုပါတယ်။

" Reliable ပေါ့ ယုံယုံကြည်ကြည်နဲ့ မဲအရေအတွက် က နည်းနည်း ခက်ခဲတဲ့အခါကျတော့ လုပ်ရတဲ့အခါကျတော့ ကျနော်တို့နိုင်ငံက ရွေးကောက်ပွဲတွေ စတင် ရွေးကောက်ပွဲ လုပ်ကြတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိနိုင်မယ်လို့တော့ထင်တယ်။ အဲ့တာအတွက် အကြံဉာဏ် အကောင်းဆုံး ဖြစ်နိုင်တာကတော့ ဒီလိုမျိုး မေးလ်နဲ့ ပို့ပေးပြီးတော့ စာတိုက်ကနေ ရွေးကောက်ပွဲအတွက် သပ်သပ်ထားပြီးတော့ မေးလ်နဲ့ပို့ပြီးတော့ မဲဆန္ဒကို ပေးခိုင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ကျနော်ထင်တယ်။"

မေး။ ။ အဲ့တော့ မှန်ကန်မှုရှိမယ်။ မှန်မှန်ကန်ကန်ရှိမယ်လို့ရော မျှော်လင့်လားရှင့်။ သံရုံးကပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်ကပဲဖြစ်ဖြစ်။ ဒီမဲတွေမှန်ကန်မှုရှိရေးနဲ့ တရားမျှတမှုရှိရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ထားလဲ။

"ဟုတ်တယ်။ ဒီမဲမှန်ကန်မှုရှိလား။ မရှိလားပေါ့။ မဲလိမ်တာရှိမလားဆိုတော့ ကျနော် အမှန်အတိုင်းပြောတာနော် ရိုးရိုးသားသားပြောတာ။ အမှန်အကန်ဆုံး ဖြစ်မယ် လို့တော့ ကျနော်တို့ အားလုံးကတော့ မျှော်လင့်ထားတာပေါ့။ ဒါပေမဲ့ လိမ်တာတွေရှိနိုင်မလား ဆိုရင်တော့ ဒါ ကျနော်တို့ အကုန်လုံး သိနေကြတာပဲ။ လိမ်ကောင်းလည်း လိမ်နိုင်တယ်။ လိမ်ချင်လည်း လိမ်နိုင်တယ်။ လိမ်မယ့် လမ်းစတွေလည်း တွေ့နေရပေမဲ့ ဒါပေမဲ့ ကိုယ့်လုပ်နိုင်တဲ့ အပြောင်းအလဲ ကိုယ်မဲပေးရမယ့် အလုပ်ကို မဲပေးရမှာပါ။ တကယ်လို့ လိမ်တယ်ဆိုလို့ရှိရင် လိမ်တဲ့သူရဲ့ သမိုင်း သူတို့သမိုင်း သူတို့ရေးလိမ့်မယ်။ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ကိုယ်တိုင် မဲပေးပြီးတော့ စတင် ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်တယ်။"

ဝါရှင်တန်အမေရိကန်သံရုံးရဲ့ ဇွန်လ (၂၅)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မဲပေးဖို့ စာရင်းပေးသွင်းသူတွေအနေနဲ့ ဝါရှင်တန်မြို့ မြန်မာသံရုံးကို လာရောက် မဲပေးနိုင်ခြင်း၊ ရှိမရှိ ဆိုတဲ့ ခေါင်းစဉ်ထည့်သွင်းဖေါ်ပြထားပါတယ်။ အဲဒီမှာဖေါ်ပြကြမယ့် စာရင်းပေးသွင်းသူတွေရဲ့ သဘောထားနဲ့ပတ်သက်လို့ အထက်ကို အကြောင်းကြားပေးမှာဖြစ်တယ်လို့ သံရုံးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

လက်ရှိ အမေရိကန်မှာတာဝန်ထမ်းဆောင်နေတဲ့ မြန်မာအစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိက တရားဝင် လာရောက်လုပ်ကိုင်နေသူတွေ၊ မြန်မာနိုင်ငံကနေ တရားဝင် ထွက်လာသူတွေ စာရင်းအရ မဲပေးနိုင်တဲ့ လူဦးရေ (၂၆၀)နီးပါးရှိနေပြီလို့ဆိုပါတယ်။

မဲပေးဖို့အမည်စာရင်းကောက်ခံရမှာ အမေရိကန်ပြည်ထောင်စု အရှေ့နဲ့ အလယ်ပိုင်းမှာရှိတဲ့ပြည်နယ်တွေရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဝါရှင်တန်မြန်မာသံရုံးကိုလိပ်မူပြီး အမည်စာရင်းပေးပို့ကြရမှာဖြစ်ပါတယ်။ နယူးရောက်၊ နယူးဂျာစီနဲက ကော်နက် တစ်ကက် ပြည်နယ်တွေရောက်မြန်မာတွေ ကတော့ နယူးရောက်မြို့မှာရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကို လိပ်မူပေးပို့ရမှာဖြစ်သလို အနောက်ခြမ်းပြည်နယ်တွေ ကတော့ လော့စ်အိန်ဂျလိမြို့ မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးချုပ်ကို လိပ်မူပြီးအမည်စာရင်းပေးပို့ရမှာဖြစ်တယ်လို့ သံရုံးကြေညာချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG