သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ဦးစီးချုပ်လောင်းက ရုရှားကို အဓိကအန္တရာယ် လို့သတ်မှတ်


အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီ ကြာသပတေးနေ့ ကြားနာပွဲအတွင်း ဗိုလ်ချုပ်ကြီး Dunford မိန့်ခွန်းပြော။ (ဇူလိုင် ၉၊ ၂၀၁၅)
အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီ ကြာသပတေးနေ့ ကြားနာပွဲအတွင်း ဗိုလ်ချုပ်ကြီး Dunford မိန့်ခွန်းပြော။ (ဇူလိုင် ၉၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု လုံခြုံရေးမှာ ရုရှားနဲ့ တရုတ်တို့ကို နံပါတ် ၁ နဲ့ ၂ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေအဖြစ် အမေရိကန် ဗိုလ်ချုပ်ကြီးတဦးက သတ်မှတ် ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ အမေရိကန်လုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါတယ် လို့ ရေတပ်ဗိုလ်ချုပ်ကြီး Joseph Dunford က ပြောလိုက်တာပါ။ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ အကြီးအကဲသစ်အဖြစ် ခန့်အပ်မှုကို အတည်ပြုပေးမယ့် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ ကြာသပတေးနေ့ ကြားနာပွဲအတွင်း ဗိုလ်ချုပ်ကြီး Dunford က အဲဒီလိုပြောတာပါ။ ရုရှားရဲ့ ပြုမူ လုပ်ဆောင်ပုံအပေါ် အမြဲတမ်း သတိထားနေရတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းကို တိုက်ခိုက်ရေး စစ်လက်နက် ပစ္စည်းကိရိယာတွေ ထောက်ပံ့သင့်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စစ်ရေးအမြင် အရဆိုရင်တော့ အဲဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ တုန့်ပြန်လုပ်ဆောင်မှုပါလို့ ဗိုလ်ချုပ်ကြီး Dunford က ပြန်ဖြေပါတယ်။

တရုတ်နဲ့ပတ်သက်လို့တော့ အမေရိကန်ရဲ့ ရန်သူမဟုတ်ပေမဲ့လဲ အမေရိကန် လုံခြုံရေးနဲ့ပတ်သက်လာရင် တရုတ်နိုင်ငံရဲ့ စစ်ရေး စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်ရမှာ သူ့ရဲ့တာဝန်ပဲဖြစ်ပါတယ်လို့ ပြောပါတယ်။

XS
SM
MD
LG