သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟူဂိုချားဗက်စ်အုတ်ဂူမှာ ဗင်နီဇွဲလားသမ္မတ အိပ်စက်ခြင်း


ဗင်နီဇွဲလားသမ္မတ မာဒူရို။
ဗင်နီဇွဲလားသမ္မတ မာဒူရို။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်စ်ဟာ သူ့အရိုက်အရာကို ဆက်ခံသူ လက်ရှိသမ္မတ နီကိုးလက်စ် မာဒူရို (Nicolas Maduro) အပေါ် သြဇာလွှမ်းနေတုန်းပဲလို့ ပြောရမှာပါ။ ဟူဂိုချားဗက်စ် ရုပ်အလောင်းထားရှိရာ ဂူဗိမာန်မှာ သူ ညပိုင်း သွားရောက်အိပ်တယ်ဆိုတာကို သမ္မတ Nicolas Maduro က ဝန်ခံပါတယ်။

မစ္စတာချားဗက်စ်ကို မြှုပ်နှံထားတဲ့ အရင် စစ်သမိုင်းပြတိုက်နေရာမှာ ကြာသပတေးညပိုင်းက သမ္မတ နီကိုးလက်စ် မာဒူရို က မိန့်ခွန်းပြောပါတယ်။ သူရဲ့နုနယ်တဲ့ သမ္မတသက်တမ်းမှာ လုပ်ဆောင်မှုတွေအပေါ် သက်ရောက်မှု ရှိဖို့အတွက် မစ္စတာချားဗက်စ်ရဲ့ ဂူဗိမာန်မှာ သူအိပ်စက်တယ်လို့ မစ္စတာ မာဒူရို က ပြောပါတယ်။

မစ္စတာ မာဒူရို ကို ကွယ်လွန်သွားတဲ့ သမ္မတဟူဂိုချားဗက်စ် ကိုယ်တိုင် စိတ်ကြိုက်ရွေးခြယ်ထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ဧပြီ ရွေးကောက်ပွဲမှာတော့ သူဟာ အတိုက်အခံခေါင်းဆောင်ကို ပွတ်ကာသီကာအနိုင်ရခဲ့တာပါ။
XS
SM
MD
LG