သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်နီဇွဲလားနိုင်ငံ ရေနံချက်စက်ရုံ ပေါက်ကွဲမှု ၂၆ ဦးသေဆုံး


ဗင်နီဇွဲလားနိုင်ငံက အကြီးဆုံး ရေနံချက်စက်ရုံမှာ အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၆ ဦးမက သေဆုံးသွားပါတယ်။ နိုင်ငံ အနောက်မြောက်ပိုင်းမှာ စနေနေ့က ပေါက်ကွဲမှုဟာ ယိုစိမ့်မှုတခု ဖြစ်ရာကနေ ပေါက်ကွဲစေနိုင်တဲ့ ဓါတ်ငွေ့တွေ အများကြီး ထွက်လာလို့ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီး Rafael Ramirez က ပြောပါတယ်။

ပါရာဂွားနား ရေနံချက်စက်ရုံကြီးရဲ့ တစိတ်တဒေသဖြစ်တဲ့ Amuay စက်ရုံမှာ ဘာကြောင့်မိုလို့ ယိုစိမ့်မှု ဖြစ်ရလဲ ဆိုတဲ့ အကြောင်းရင်းကို ပြောနိုင်ဖို့ စစ်ဆေးရေးမှူးတွေ လုပ်ဆောင်နေ ကြပါတယ်။ ပေါက်ကွဲမှုကြောင့် မီးတွေ တောက်လောက်ခဲ့ပြီး အနီးအနား ပတ်ဝန်းကျင်က အိမ်တွေလည်း ထိခိုက်သွားရပါတယ်။ ဒုတိယ သမ္မတ Elias Jaua ကတော့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့တာပါ။

တနင်္လာနေ့ သေဆုံးသူတွေထဲက အများစုက အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ ဒုသမ္မတ က ပြောပါတယ်။ ဒဏ်ရာရရှိသူ ၈၀ ကျော် ရှိတယ်လို့လည်း စုံစမ်းစစ်ဆေးရေး သူတွေက ဆိုပါတယ်။ ပါရာဂွားနား ရေနံချက်စက်ရုံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေနံချက်စက်ရုံတခု ဖြစ်ပါတယ်။ ဒီစက်ရုံက ထုတ်လုပ်မှုတွေကိုတော့ နှစ်ရက်အတွင်း ပြန်စနိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း စွမ်းအင်ဝန်ကြီး Ramirez က ပြောပါတယ်။
XS
SM
MD
LG