သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတ ယူကရိန်းရောက်


ယူကရိန်းနိုင်ငံ၊ Kyiv မြို့ နိုင်ငံတကာလေဆိပ်ကို ရောက်လာတဲ့ အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (ဧပြီ ၂၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ Kyiv မြို့ နိုင်ငံတကာလေဆိပ်ကို ရောက်လာတဲ့ အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (ဧပြီ ၂၁၊ ၂၀၁၄)
အမေရိကန်ဒုသမ္မတ Joe Biden ဟာ ယူကရိန်းသမ္မတအပြင် ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းနိုင်ငံကို ရောက်ရှိသွားပါတယ်။ ယူကရိန်း နိုင်ငံကပဋိပက္ခကို ဖြေလျှော့နိုင်မယ့် သဘောတူညီချက်ရထားခဲ့ပေမယ့် နိုင်ငံအရှေ့ပိုင်းအခြေအနေက ဆိုးရွားဆဲဖြစ်နေချိန်မှာ အခုလို အမေရိကန် ဒုသမ္မတ ရောက်ရှိသွားတာပါ။

ယူကရိန်း နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့ဆက် လုပ်ဆောင်နိုင်ရေး နိုင်ငံတကာက ဘယ်လို ဝိုင်းဝန်းကူညီမလဲဆိုတာကို Mr. Biden ဆွေးနွေးလိမ့်မယ်လို့ အမေရိကန်အိမ်ဖြူတော်ကပြောပြီး လွပ်လပ်ပြီးတရားမျှတတဲ့ သမ္မတရွေးကောက်ပွဲကို မေလ ၂၅ ရက်မှာ ကျင်းပလိမ့်မယ်လို့ အမေရိကန် သမ္မတ Obama အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက ဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ Easter တနင်္ဂနွေနေ့မှာ အပစ်ရပ်ထားဖို့ သဘောတူခဲ့ပေမယ့် ရုရှား လိုလားတဲ့ Slavyansk မြို့က စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး အပစ်ရပ်သဘောတူချက်က နာရီပိုင်းနဲ့ ပျြက်ပယ်သွားတဲ့ နိုင်ငံအရှေ့ပိုင်းက အခြေအနေကိုလည်း အဓိကထားပြီးဆွေးနွေးကြမှာပါ။

ဘာတွေဖြစ်ကြလဲ သေချာမသိရပေမယ့် လူ ၃ ဦးသေဆုံးသွားရပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရုရှား အထူးတပ်ဖွဲ့တွေရဲ့လက်ချက်လို့ ယူကရိန်းက အပြစ်တင်ပါတယ်။ ဒါပေမယ့် သူ့အဆို လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်တဲ့ အစွန်းရောက်သမားတွေကို ယူကရိန်းအစိုးရက မထိန်းချုပ်ချင်ဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က စွပ်စွဲပါတယ်။

Geneva မှာ အရင်တပတ်ကရခဲ့တဲ့ သဘောတူညီချက် အရ နိုင်ငံ အရှေ့ပိုင်းက တရားမဝင်လက်နှက်ကိုင်အဖွဲ့တွေအားလုံး လက်နက်စွန့်ပြီး ထွက်ခွာ သွားကြဖို့ဖြစ်ပေမယ့် ဒါကို ယူကရိန်းက အတိအကျ ချိုးဖောက်တယ်လို့ Mr. Lavrov က ဒီကနေ့ပဲ ပြောသွားပါတယ်။ Geneva သဘောတူညီချက်မှာ ဥရောပက စောင့်ကြည့်ရေး သမားတွေ ထားဖို့လည်း ပြောထားတာပါ။ ဒါပေမယ့် နိုင်ငံ အရှေ့ပိုင်းမြို့တွေက အစိုးရအဆောက်အဦးတွေကို ဝင်ရောက်စီးနင်းထားတဲ့ ရုရှား လိုလားသူတွေဘက်က နောက်ဆုတ်မယ့်ပုံ လုံးဝမတွေ့ရသေးပါဘူး။
XS
SM
MD
LG