သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီခေါင်းဆောင်ကို ဝေဖန်တဲ့ သတင်းစာဆရာ အလုပ်ပြုတ်


ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကို မိမိရဲ့ ကိုယ်ပိုင် ဝဘ်ဆိုဒ်စာမျက်နှာမှာ ရေးသားဝေဖန် ခဲ့တဲ့ ဗီယက်နမ် သတင်းသမားဟာ အစိုးရ သတင်းစာတိုက် Family and Society ကနေ အလုပ်ဖြုတ်တာ ခံခဲ့ရတဲ့အပြင် တရားစွဲမယ်လို့ပါ ခြိမ်းခြောက် ခံခဲ့ရပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ငုယင် ဖူ ထရောင်း (Nguyen Phu Trong) ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး သူရေးသားခဲ့တာ ၂၄ နာရီ မပြည့်ခင်မှာဘဲ ဗီယက်နမ် အစိုးရရဲ့ သတင်းစာဖြစ်တဲ့ သတင်းစာတိုက်ကနေ ငုယင် ဒက် ကင်း (Nguyen Dac Kien) ကို အလုပ်ဖြုတ်ပစ်လိုက်တာပါ။

တနင်္လာနေ့ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားရာမှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်က နိုင်ငံမှာ ပါတီစုံစနစ်ကို ကျင့်သုံးဖို့နဲ့ အာဏာကို ခွဲဝေဖို့ ပြောတဲ့သူဟာ ဗီယက်နမ် လူမှုအသိုင်းအဝိုင်းကို ကျဆုံးအောင် လုပ်တဲ့လူလို့ ပြောကြားခဲ့တာပါ။

ကင်း (Kien) ရဲ့ ဘလော့စာမျက်နှာမှာတော့ ဗီယက်နမ် ခေါင်းဆောင်အနေနဲ့ လူထုကို အခုလို
ပြောခွင့်မရှိဘူးလို့ ရေးသားထားသလို ဗီယက်နမ်နိုင်ငံရဲ့ တကယ့် ပြဿနာက အဂတိလိုက်စား မှုတွေ ရှိနေတာလို့ ဆိုပါတယ်။

သူ့ရဲ့ရေးသားချက်ဟာ အင်တာနက်ပေါ်မှာ ချက်ချင်း ပျံ့သွားခဲ့တာပါ။

၂၀၀၈ ခုနှစ်ထဲက ကင်း (Kien) အလုပ်စလုပ်ခဲ့တဲ့ ဒီသတင်းစာတိုက်က ကြေညာချက် တစောင် အမြန်ဆုံး ထုတ်ပြန်ခဲ့ပြီး၊ သူဟာ သတင်းစာတိုက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို ဖောက်ဖျက်ခဲ့ တာမို့ အလုပ် ထုတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ရဲ့ပြောကြားချက်တွေနဲ့ လုပ်ဆောင်ချက်တွေအတွက် တရားဥပဒေအရ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
XS
SM
MD
LG