သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည်


တောင်တရုတ်ပင်လယ်ပြင်က ငါးဖမ်းကွက်တွေကို အကာအကွယ်ပေးဖို့အတွက် ဗီယက်နမ် နိုင်ငံက ကင်းလှည့်သင်္ဘောတွေ နောက်ထပ်တိုးပြီး စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ဒေသမှာ ဗီယက်နမ် သင်္ဘောတွေကို တရုတ်သင်္ဘောတွေ က ကြားဖြတ် နှောင့်ယှက်မှုတွေရှိတယ်လို့ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းက စွပ်စွဲခဲ့ပြီးတဲ့နောက် ထပ်မံ စေလွှတ် ဖို့ ဆုံးဖြတ် လိုက်တာပါ။ ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး တပ်ဖွဲ့အနေနဲ့ ဗီယက်နမ်နိုင်ငံက စီးပွားရေးဇုန်အဖြစ် ကြေညာထားတဲ့ မိုင် ၂၀၀ အတွင်း ရေပိုင်နက်မှာ ပြည်ပနိုင်ငံက သင်္ဘောတွေကို ဒဏ်တပ်ခွင့်၊ သင်္ဘောသားတွေကို ဖမ်းဆီးခွင့် ရှိမှာဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းက အင်္ဂါနေ့မှာ ကြေညာထားပါတယ်။

ကင်းလှည့်ရေယာဉ်တွေကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင် စေလွှတ်မှာပါ။ ပြီးခဲ့တဲ့ သီတင်း ပတ်ထဲ တောင်တရုတ်ပင်လယ်ပြင်တွင်း လေ့လာရေးလုပ်ငန်းတွေ လုပ်နေတဲ့ ဗီယက်နမ် သင်္ဘောတွေ ထဲက တစင်းက ဆက်သွယ်ရေးကြိုးတွေကို တရုတ်သင်္ဘောတွေက ဖြတ်တောက်ခဲ့တယ်လို့ PetroVietnam က ပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။

တရုတ်သင်္ဘောတွေရဲ့လုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ရေပိုင်နက်ကို ပြောင်ကျကျ ကျူးကျော်တဲ့ လုပ်ရပ်လို့ လည်း ဗီယက်နမ် အစိုးရပိုင် ကုမ္ပဏီက ပြောဆိုခဲ့တာပါ။ ဗီယက်နမ်၊ တရုတ်နဲ့ တခြား အရှေ့တောင် အာရှ နိုင်ငံတွေကတော့ တရုတ်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုအတွက် ကာကွယ်ဖို့ အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့ စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG