သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ အာရှအားကစားပွဲ ဗီယက်နမ် လက်ခံကျင်းပမည်မဟုတ်


Vietnam ဝန်ကြီးချုပ် Nguyen Tan Dung
Vietnam ဝန်ကြီးချုပ် Nguyen Tan Dung
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ၂၀၁၉ ခုနှစ် အာရှအားကစားပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးဖို့ အစီအစဉ်ကို ငွေကြေး အခက်အခဲကြောင့် ပြန်ပြီး ရုတ်သိမ်းလိုက်ကြောင်း ဗီယက်နမ် အစိုးရက ပြောပါတယ်။ ကြာသပတေးနေ့မှာ အစိုးရရုံး ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ စီးပွါးရေး မပြေလည်တဲ့အတွက် အစိုးရအသုံးစားရိတ်ကို အကန့်အသတ်နဲ့ သုံးနေရပြီး ဒီပွဲတော်အတွက် ကုန်ကျမယ့် ငွေကို တခြား အရေးတကြီး လိုအပ်တဲ့ ကဏ္ဍတွေမှာ သုံးစွဲရမယ်လို့ ဆိုပါတယ်။
ဒီအားကစား ပွဲစဉ်တွေအတွက် ဒေါ်လာသန်း ၁၅၀ လောက်ကုန်ကျမှာမို့ ဗီယက်နမ်နိုင်ငံ အတွက် စားရိတ်သိပ်ကြီးတယ်လို့ ဆိုပါတယ်။ တကယ်တမ်းမှာ ဒီထက်မက ပိုပြီး ကုန်ကျသွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

၂၀၁၂ ခုနှစ် အာရှအားကစားပွဲတော် ကျင်းပစဉ်က အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့နဲ့ ယှဉ်ပြီး အရွေးခံရာမှာ ဟနွိုင်းကို ရွေးခဲ့ကြတာပါ။ အခု အိမ်ရှင်အဖြစ် ဟနွိုင်းက ငြင်းပယ်လိုက်တဲ့ နောက် ၂၀၁၉ ခုနှစ် ပွဲတော်ကျင်းပရမယ့် နေရာကို မသိရသေးပါဘူး။
XS
SM
MD
LG