သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အမျိုးသားရေး တာဝန်ဖြစ်


ဒီနေ့ တနင်္ဂနွေနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ နိုဝင်ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ် စတင် သတ်မှတ်ခဲ့တာပါ။ ကမ္ဘာတဝန်းရှိ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အပေါ် နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်မှု အားလုံး ချုပ်ငြိမ်းစေရေး အတွက် ကတိပေးထားတာနဲ့အညီ အစိုးရတိုင်းက လိုက်နာကြပါရန် ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဆော်သြထားပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူတွေ အနေနဲ့ ကျက်သရေ မရှိဘူးလို့ ခံယူသင့်ကြတယ်လို့လည်း ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

ကျားမတန်းတူရေးနဲ့ အမျိုးသမီးစွမ်းရည် မြင့်မားရေး ကုလသမဂ္ဂအဖွဲ့က COMMIT လို့ခေါ်တဲ့ ဦးဆောင်ဦးရွက်ပြုမှု အစီ အစဉ်သစ်တရပ်ကို ကြေညာလိုက်ပါတယ်။ အကြမ်းဖက်မှုသားကောင်ဖြစ်ခဲ့သူ အမျိုးသမီးတွေကို အကာအကွယ် ပေးဖို့အတွက် မူဝါဝသစ်တွေ ချမှတ်ရေးကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အကောင်အထည် ဖော်ဖို့အတွက် အစိုးရတွေကို တိုက်တွန်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Catherine Ashton ကလည်း ဒီခေတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုက အကျယ်ပြန့်ဆုံး ဖြစ်ပွားနေတယ် ဆိုတာ မငြင်းနိုင်ပါကြောင်း၊ ဒါကြောင့် အီးယူအနေနဲ့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ ကမ္ဘာကြီးဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
XS
SM
MD
LG