သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ထိပ်တိုက် ရင်ဆိုင်မှု လူ ၄၂ ဦးသေဆုံး


အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ စစ်တပ်အကြား တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် လူ ၄၂ ဦး သေဆုံးတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတဲ့အပေါ် စစ်တပ်နဲ့ မော်စီကို ထောက်ခံသူတွေအကြား အပြန်အလှန် စကားစစ်ထိုးနေကြပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းမှာ မော်စီကို ထောက်ခံသူတွေ စုဝေး ဆန္ဒပြခဲ့ကြတဲ့ အိမ်စောင့်တပ်ဖွဲ့ ဌာနချုပ်အပြင်မှာ မျက်ရည်ယိုဗုံး မီးခိုးငွေ့တွေနဲ့ ပြည့်နေပြီး အဲဒီနေရာမှာ သေနတ်နဲ့ပစ်ခတ်သံတွေလည်း ကြားခဲ့ကြရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အီဂျစ်အိမ်စောင့်တပ် ရုံးချုပ်အပြင်မှာ ဆန္ဒပြနေကြသူတွေကို စစ်တပ်ဖက်က အရင်ပစ်ခတ်ခဲ့တာလို့ မော်စီရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့က တနင်္လာနေ့မှာ စွပ်စွဲပြောဆိုပါတယ်။ အကြမ်းဖက်သမားတွေက သူတို့ဌာနချုပ်ကို ဝင်စီးဖို့ ကြံစည်တာဖြစ်တယ်လို့ စစ်ဖက် အရာရှိတွေကလည်း ပြန်လည် စွပ်စွဲ ပြောဆိုပါတယ်။

နှစ်ဖက်စလုံးက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့နဲ့ ဖြစ်သွားကိစ္စနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အိမ်စောင့်အစိုးရသမ္မတက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခုလို အကြမ်းဖက်မှုတွေ ဖြစ်သွားတဲ့ကိစ္စက ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ဆောင်ရွက် ချက်တွေကို နှောင့်နှေးသွားစေနိုင်ပါတယ်။

တနင်္လာနေ့မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အစိုးရသစ်နဲ့ လက်ရှိ ပြုလုပ်နေတဲ့ တွေ့ဆုံ ဆွေးနွေးပွဲကနေ နှုတ်ထွက်တဲ့အကြောင်း အစွန်းရောက် အဖွဲ့အစည်းတခုဖြစ်တဲ့ Salafi Nour Party က ပြောပါတယ်။ သူတို့အဆိုအရ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG