သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA အစီအစဉ်များ Sky Net က ထုတ်လွှင့်မည်


 သဘောတူညီချက် စာချွန်လွှာကို VOA အမေရိကန်အသံ အုပ်ချုပ်မှုဒါရိုက်တာ David Ensor နဲ့ SKY NET တာဝန်ရှိသူတွေကြား ရေးထိုးခဲ့ကြပါတယ်။
သဘောတူညီချက် စာချွန်လွှာကို VOA အမေရိကန်အသံ အုပ်ချုပ်မှုဒါရိုက်တာ David Ensor နဲ့ SKY NET တာဝန်ရှိသူတွေကြား ရေးထိုးခဲ့ကြပါတယ်။
VOA အမေရိကန်မြန်မာပိုင်းကနေ ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ အပါအဝင် ရေဒီယိုအသံလွှင့် အစီအစဉ်တွေကို မြန်မာနိုင်ငံက ပြည်သူတွေ ထပ်ဆင့် ထုတ်လွှင့်ပေးဖို့အတွက် VOA နဲ့ မြန်မာနိုင်ငံတွင်းက ရုပ်သံလွှင့်ဌာန တစ်ခုဖြစ်တဲ့ Sky Net တို့ကြားမှာ သဘောတူစာချွန်လွှာကို ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒီသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို Park Royal Hotel မှာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျင်းပခဲ့ပြီးတော့ သဘောတူညီချက် စာချွန်လွှာကို VOA အမေရိကန်အသံ အုပ်ချုပ်မှုဒါရိုက်တာ David Ensor နဲ့ SKY NET တာဝန်ရှိသူတွေကြား ရေးထိုးခဲ့ကြတာပါ။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell လည်း တက်ရောက်ခဲ့ပါတယ်။ သဘောတူညီချက်အရ VOA မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်ပေးနေတဲ့ နိုင်ငံတကာသတင်း၊ အင်္ဂလိပ်စာသင်္ခန်းစာပို့ချချက်၊ အထွေထွေဗဟုသုတ၊ သိပ္ပံနည်းပညာ စတဲ့ အစီအစဉ်တွေကို SKY NET ကတဆင့် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

အခုအခါ VOA မြန်မာပိုင်းအစီအစဉ်ရဲ့ ထုတ်လွှင့်ပေးနေမှုနဲ့ပတ်သက်ပြီးတော့ Billboard ကြေငြာဆိုင်းဘုတ်တွေကိုလည်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ စိုက်ထူထားပြီးဖြစ်ပါတယ်။
XS
SM
MD
LG