သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ရီပတ်ဘလီကန်အမတ် Rubio ချီးကျုး


အမေရိကန်မူဝါဒ ရီပတ်ဘလီကန်အမတ် Marco Rubio။
အမေရိကန်မူဝါဒ ရီပတ်ဘလီကန်အမတ် Marco Rubio။

အမေရိကန်သမ္မတ ဘရာခ့် အိုဘားမားက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လမ်းဖွင့်ခဲ့တာဟာ အာဏာရှင်အစိုးရတွေနဲ့ ဆက်ဆံတာမှာ ပိုပြီးထိရောက်တဲ့ ပုံစံတခုဖြစ်တယ်လို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Marco Rubio က ပြောပါတယ်။ သူဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေ သူတွေထဲ တဦးအပါအဝင်ဖြစ်ပါတယ်။

AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ကျူးဘားနိုင်ငံနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဖြေဆိုရင်း မစ္စတာ Rubio က သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲကို ထည့်ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေက ပြီးပြည့်စုံတယ်လို့ ပြောဆိုတာ မဟုတ်ပေမဲ့ အဲဒီလိုလမ်းဖွင့်တာကြောင့်ပဲ ဒီမိုကရေစီရေးအတွက် အခွင့်အလမ်းတချို့ ပွင့်သွားသလို အတိုက်အခံအုပ်စုတွေနဲ့ စိတ်ကူး စိတ်သန်းတွေ နိုင်ငံရေးနယ်ထဲ ဝင်ခွင့်ရလာစေတယ်လို့ မစ္စတာ Rubio ကပြောပါတယ်။

ကျူးဘားနဲ့ပတ်သက်လို့တော့ အဲဒီလိုမဟုတ်ဘူးလို့လည်း သူကပြောသွားပါတယ်။

XS
SM
MD
LG