သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ဗုံးဖောက်ခွဲဖို့ ခြိမ်းခြောက်ခံရ


ဗုံးခွဲမယ်ဆိုတဲ့ တယ်လီဖုန်းကတဆင့် ဝါရှင်တန်ဒီစီရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို ပြောကြားတဲ့ ခြိမ်းခြောက်မှုကို လက်ခံရရှိခဲ့ပြီးနောက် အင်္ဂါနေ့ နေ့ခင်းပိုင်း သမ္မတအိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ အခန်းထဲရှိ သတင်းထောက်တွေကို Secret Service လို့ခေါ်တဲ့ သမ္မတရဲ့ အဆင့်မြင့် လုံခြုံရေးတပ်ဖွဲ့က အပြင်ထွက်ခိုင်းခဲ့ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် အခုလို အဲဒီခန်းမကို လုံခြုံရေးအရ ခေတ္တ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ Secret Service က အနံ့ခံခွေးတွေနဲ့ အခန်းတွင်းကို ရှာဖွေခဲ့ပြီးနောက် မကြာခင်မီ သတင်းထောက်တွေကို ပြန်ဝင်ခွင့်ပြုခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပြန်စနိုင် ခဲ့ပါတယ်။

စောစောပိုင်းကလည်း လေဆိပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတခု ကျင်းပစဉ် Dirksen အထက်လွှတ်တော်ရုံး အဆောက်အဦးမှာ မသင်္ကာဖွယ်ရာ အထုတ်တထုတ်ကြောင့် လွှတ်တော်လုံခြုံရေးရဲက လွှတ်တော်အဆောက်အဦးတွင်းရှိ လူတွေကို ဘေးကင်းရာ အပြင်ကို ထွက်စေခဲ့ပါတယ်။ လွှတ်တော်ရုံး အထပ်အတော်များများကို ရဲကရှာဖွေခဲ့ပေမဲ့ အန္တရာယ်ရှိတဲ့ ဘာပစ္စည်းကိုမှ မတွေ့ခဲ့ရပါဘူး။

အဲဒီခြိမ်းခြောက်မှု နှစ်ခုကြား ဆက်စပ်မှု ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။

XS
SM
MD
LG