သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sierra Leone မှာ အီဘိုလာ ရောဂါပိုး တွေ့ရှိ


Ebola cases in West Africa
Ebola cases in West Africa

Sierra Leone နိုင်ငံက လူသေအလောင်းတခုမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ရှိနေတာကို စမ်းသပ်တွေ့ရှိရတယ်လို့ တာဝန်ရှိသူတဦး က ပြောပါတယ်။ အနောက် အာဖရိကဒေသမှာ အီဘိုလာရောဂါပိုး ပြန့်နှံ့ဖြစ်ပွားတာ အဆုံးသတ်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကြေညာအပြီး နောက်တရက်မှာပဲ ဒီသတင်းထွက်လာတာပါ။

Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါပိုး ပြန်တွေ့တဲ့ဖြစ်ရပ်ကို အတည်ပြုထားတယ်လို့ WHO ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်တခု မှာဖော်ပြ ထားပါတယ်။ နေမကောင်းဖြစ်ပြီး ဒီလအစောပိုင်းမှာ ကွယ်လွန်သွားတဲ့ အမျိုးသမီးတဦးရဲ့အလောင်းမှာ ပိုးကို တွေ့တာပါ။ ရောဂါပိုး ရုတ်တရက် ထပ်ပြီး ပြန့်ပွားလာနိုင်ခြေ အတွက် ပြင်ဆင် ထားရမှာ ဖြစ်တာနဲ့ အမျှ အခိုင်အမာစောင့်ကြည့်ဖို့နဲ့ တုန့်ပြန်လုပ်ဆောင်ရေး စနစ်တွေဟာ လာမယ့်လတွေ အတွင်း အထူး အရေးကြီးတယ်ဆိုတာ အခု ရောဂါပိုးတွေ့လိုက်တဲ့ ဖြစ်ရပ် က ပြနေတယ်လို့ WHO ကပြောပါတယ်။

Liberia နိုင်ငံမှာ အီဘိုလာရောဂါ ကင်းရှင်းသွားပြီလို့ ကြာသပတေးနေ့မှာပဲ WHO က ကြေညာထားပါတယ်။ ဒါကြောင့် လည်း အနောက် အာဖရိကဒေသမှာ ရောဂါပိုးပြန့်ပွားတဲ့ အဓိကအချက်အခြာ နိုင်ငံသုံးနိုင်ငံစလုံးမှာ အီဘိုလာကင်းရှင်းသွားပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အနောက် အာဖရိကဒေသမှာ အီဘိုလာကပ်ရောဂါကြောင့် လူပေါင်း တသောင်း တထောင် အသက်ဆုံးရှုံးခဲ့ပြီး ၂ သောင်း ၈ ထောင် ၅ ရာကျော် ရောဂါပိုးသင့်ခဲ့ရပါတယ်။

XS
SM
MD
LG