မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကျောင်းရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ အခု မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
သူ့အနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေအပြင်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဆက်နွယ်ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံထဲ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဖြစ်နေတဲ့ ရှမ်းပြည်နယ်မှာ လက်ရှိ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ရှိနေတာလို့ ထင်ရှားတဲ့ ရှမ်းနိုင်ငံရေးခေါင်းဆောင်တဦးကတော့ အပြစ်တင်ပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ စိုးရိမ်ရတဲ့ နိုင်ငံအဖြစ်နဲ့ နိုင်ငံတကာမှာ သတ်မှတ်ခံထားရတာပါ။ အထူးသဖြင့်ကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို တင်းကျပ်လာတဲ့အလျောက်၊ တရားဥပဒေ စိုးမိုးမှုအားနည်းပြီး အဂတိ လိုက်စားမှုလည်းရှိတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ ပိုများလာမလား စိုးရိမ်ခဲ့ကြတာပါ။
အခု မြန်မာနိုင်ငံမှာ ရောက်နေတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ကိုယ်တိုင်ကလည်း၊ မြန်မာနိုင်ငံဟာ ရှေ့နှစ်ပိုင်းတွေမှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကြီးမားလာနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံမှာလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆွေးနွေးပွဲတခုမှာ အခုလို ပြောသွားခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ ရှေ့နှစ်တွေအတွင်း တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးမှုတွေ ပိုမို ကြီးမားလာဖွယ် ရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို လျှော့ချပြီး တဖြေးဖြေးနဲ့ ထိန်းချုပ်လာနိုင်အောင် နိုင်ငံတကာရဲ့ ဆောင်ရွက်အောင်မြင်လာတာကြောင့်ပါ။ ဒါကြောင့် လာမယ့်နှစ်တွေအတွင်း ဘိန်းဖြူ၊ ဘိန်း၊ မက်တာဖက်သမိန်း စတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ပိုမြင့်တက်လာနိုင်တာကြောင့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်ဝယ်တဲ့ လမ်းကြောင်းတရပ် ဖြစ်လာဖွယ် ရှိနေပါတယ်။”- လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield က မနှစ်တုန်းက ထိုင်းကို သတိပေးခဲ့တာပါ။
ဒီအခြေအနေအတိုင်းပါပဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ယူပြီးတဲ့နောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ တိုးမြင့်လာတယ်လို့ သတင်းတွေ၊ အစီရင်ခံစာတွေလည်း ထွက်ခဲ့ပါတယ်။ ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဦးခွန်ထွန်ဦးကတော့ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ်တိုင်ကြောင့်လို့ ပြောပါတယ်။
“အဓိကကတော့ ဒီလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးရတယ်။ ငြိမ်းချမ်းရေးရတဲ့အခါကျတော့ ဘယ်လိုလုပ်သလဲဆိုတော့ စစ်ချက်က လူ မရှိပါပေါ့ဗျာ။ နောက်ပြီးတော့ ဆက်ကြေး မကောက်ရတော့ဘူးပေါ့။ အဲ့ဒီဟာတွေလည်း ပါတာပဲလေ။ အဲ့ဒါနဲ့ မလောက်တဲ့အခါကျတော့ လက်နက်ကိုင်အဖွဲ့တွေက ရတဲ့နည်းနဲ့လုပ်တယ်ဆိုပါတော့။ သဘောကတော့ မူးယစ်ဆေးဝါးလည်း ပတ်သက်နေသူတွေ ရှိလာတာပေါ့။ မပတ်သက်တဲ့သူတွေလည်း ရှိပါတယ်။ အဲ့တော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီငြိမ်းချမ်းရေးရပြီးတဲ့အခါကျတော့ အသွင်က တမျိုးပြောင်းသွားတာကိုး။ ရှမ်းပြည်နယ်မှာဆိုရင် ပြည်သူ့စစ်အဖွဲ့တွေက အဖွဲ့အစည်းပေါင်း ၂၀၀ လောက်ရှိတယ်။ အသေးဆုံးအဖွဲ့က ၃၀ ပေါ့ဗျာ။ အများဆုံးအဖွဲ့ကတော့ ၃၀၀၊ ၄၀၀ ပေါ့ အဲ့ဒီအဖွဲ့ ၂၀၀ လောက်က ရပ်တည်ဖို့ကျတော့ ဘာနဲ့ရပ်တည်မလဲ။ ရှမ်းပြည်မှာ ဘာမှမှ မရှိတာ။ ဝါ ထွက်တာလည်းမရှိ။ အလွယ်ဆုံးနည်းက ရှင်းရှင်းပြောရရင် ဒီ မူးယစ်ဆေးဝါးကြောင့် ရပ်တည်နေရတာတွေလို့ ကျနော် ပြောချင်ပါတယ်။”
ရှမ်းပြည်နယ်အတွင်းမှာတော့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှိမ်နင်းရေးအေဂျင်စီ UNODC လို အဖွဲ့တွေသာမက နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရော ဒေသခံအဖွဲ့အချို့ကပါ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် စီမံဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။
ဒါပေမဲ့လည်း ဒေသတွင်းက လက်နက်ကိုင် ပြဿနာမှာ နိုင်ငံရေးအရ ထဲထဲဝင်ဝင် မဖြေရှင်းဘဲ၊ လုံခြုံရေးဒေါင့်ကပဲ ကိုင်တွယ်စဉ်းစားနေမယ်ဆိုရင်တော့ အခြေအနေဟာ ပိုပြီး ဆိုးဖို့ပဲ ရှိတယ်လို့ ဦးခွန်ထွန်းဦးက အာဏာပိုင်တွေကို သတိပေးခဲ့ပါတယ်။
“တချို့ဆိုရင် မူးယစ်ဆေးဝါးတော့ မလုပ်ဘူး။ ဒါပေမဲ့ နှစ်သီးစားပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေပြီးတော့ ပိုက်ဆံရတယ်။ ဝင်ငွေရှိတယ်။ နောက်ပြီးတော့ ထုတ်နေတဲ့သူတွေဆီကနေ ဆက်ကြေးတွေ ကောက်နေတာကိုး။ နှစ်စဉ်ကြေးကို ကောက်နေကြတာ။ တချို့ဆိုရင် တနှစ်ကို သိန်းပေါင်း ၃ ထောင်၊ ၄ ထောင်၊ ၅ ထောင် အဲ့လိုမျိုးပဲ ကောက်နေတာပဲ။ ဒီဟာကြီးကတော့ နိုင်ငံရေးအရ ဒီဟာကို မဖြေရှင်းဘူး။ လုံခြုံရေးအရပဲ ပေးထားပြီးတော့ ရှင်းရှင်းပြောရလို့ရှိရင် လုပ်ချင်တာလုပ် ဒီပြောင်းက ငါတို့ဘက် မလှည့်လာရင် ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့ ရှင်းနေရင်တော့ မရဘူးလို့ ထင်တယ်။ ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်ဆိုရင်တော့ ဒါဟာ လျော့ကျသွားနိုင်တယ်။ ပြည်သူ့စစ်အဖွဲ့တွေကလည်း နည်းပါးသွားမယ်။ သို့မဟုတ်ရင်တော့ မရဘူးဗျ။ နယ်မြေလုမယ်။ ဒီ ရောင်းဝယ်ဖောက်ကားမှုလုပ်မယ်။ နောက်ပြီးတော့ ဆက်ကြေးကောက်ကြမယ်။ သံသရာကို လည်နေမှာပဲ။”
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တရပ်ကို အခုနှစ်ဆန်းပိုင်းကပဲ မြန်မာအာဏာပိုင်တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမရိကန် သံအမတ်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ရဲ့ ခရီးစဉ်အတွင်းမှာတော့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မယ့် အသေးစိတ်တွေ အကူအညီ ကိစ္စရပ်တွေကို ဆွေးနွေးဖွယ်ရှိသလို၊ ဥပဒေမိုးမိုးမှုနဲ့ ပတ်သက်လို့လည်း အမေရိကန်ဘက်က တိုက်တွန်းပြောလိမ့်မယ်လို့ ယူဆရပါတယ်။
မစ္စတာ William R. Brownfield ဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ကြာမြင့်မှာပါ။ ဒီမတိုင်ခင်ကတော့ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့သလို၊ မြန်မာနိုင်ငံခရီးစဉ် ပြီးရင်တော့ ထိုင်းနဲ့ ဂျပန်တို့ကို သွားရောက်ပြီးတော့ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဖို့ရှိပါတယ်။