ကမ္ဘောဒီးယားနိုင်ငံမှာ အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတာကို ရဲဘက်က ပစ်ခတ်လိုက်လို့ အနည်းဆုံး ၁ ဦးသေဆုံးပြီး၊ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင် အပြင်ဖက်မှာ လုပ်ခ တိုးပေးရေးနဲ့ အခြားပံ့ပိုးမှုတွေ ရရေး ဆန္ဒပြနေသူ ၁၀၀၀ ခန့်အနေနဲ့ ဒီနေ့မှာ ဝန်ကြီးချုပ် Hun Sen ရဲ့ အိမ်ကို ချီတက်ဖို့ ကြိုးပမ်းခဲ့ရာကနေ ခုလို ပစ်ခတ်မှု ဖြစ်ခဲ့ရတာပါ။
အမျိုးသမီးအများစုပါတဲ့ ဒီဆန္ဒပြသူတွေဘက်က လုံထိန်းရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး၊ ရဲကားတစီးကိုလည်း တက်သိမ်း မီးရှို့မှောက်လဲှအပြီးမှာ၊ ရဲတွေဘက်က မီးသတ်ပိုက်နဲ့ပက်၊ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး နှိမ်နင်းခဲ့ရာကနေ နောက်ဆုံး အခုလို ပစ်ခတ်တဲ့အထိ ဖြစ်သွားခဲ့တာပါ။
ဆန္ဒပြအလုပ်သမားတွေအနေနဲ့ လက်ရှိ အနိမ့်ဆုံးလစာ အမေရိကန်ဒေါ်လာ ၈၀ ကနေ၊ ဒေါ်လာ ၁၅၀ ကို တိုးမြှင့်ပေးဆို့ အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့ကစပြီး အခုလို တောင်းဆိုလာတဲ့ အလုပ်သမားအချို့ ဖမ်းဆီးခံခဲ့ရပေမဲ့၊ အစိုးရနဲ့ ဆန္ဒပြသူတွေအကြား ညှိနှိုင်းအဖြေရှာလို့ မရသေးဖူး ဖြစ်နေပါတယ်။ ဒီအထည်ချုပ်လုပ်ငန်းဟာ စိုက်ပျိုးရေးနဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းတွေပြီးရင် ကမ္ဘောဒီးယားမှာ တတိယအကြီးဆုံး လုပ်ငန်းဖြစ်ပါတယ်။