သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မဲ့ဇုန်ဖြတ်ကျော်ရေး နိုင်ငံတကာ အမျိုးသမီးသမီးအဖွဲ့ရဲ့ ကိုရီးယားခရီး


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးပါဝင်တဲ့ စစ်မဲ့ဇုန်ဖြတ်ကျော်ရေး (နိုင်ငံတကာ) အမျိုးသမီးအဖွဲ့ မြောက်ကိုရီးယားနိုင်ငံ၊ Kaesong မြို့မှာ ချီတက်လာစဉ်။ (မေ ၂၄၊ ၂၀၁၅)
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးပါဝင်တဲ့ စစ်မဲ့ဇုန်ဖြတ်ကျော်ရေး (နိုင်ငံတကာ) အမျိုးသမီးအဖွဲ့ မြောက်ကိုရီးယားနိုင်ငံ၊ Kaesong မြို့မှာ ချီတက်လာစဉ်။ (မေ ၂၄၊ ၂၀၁၅)

အမေရိကန် လူမျိုး၊ ကျားမ၊ တန်းတူညီမျှမှု အခွင့်အရေး လှုပ်ရှားမှုအစီအစဉ် ဦးဆောင်သူ Gloria Steinem အပါအဝင် နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ဝ ပါတဲ့ ဘတ်စ်ကားတစင်းဟာ နိုင်ငံတကာအမျိုးသမီးများရဲ့လက်နက်ကင်းမဲ့ရေးနေ့ ကျင်းပဖို့ တနင်္ဂနွေနေ့က မြောက်ကိုးရီးယားနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုးရီးယားနိုင်ငံဘက်ကို ဝင်ရောက်ခဲ့ပါတယ်။

စစ်မဲ့ဇုံနယ်တွေကို ဖြတ်ကျော်သွားရောက်တဲ့ Women Cross DMZ အဖွဲ့ဟာ အင်္ဂါနေ့က မြောက်ကိုးရီးယားနိုင်ငံကိုရောက်ရှိလာပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။အဲဒီနောက် အဖွဲ့ရဲ့ ခြောက်ရက်ကြာခရီးစဉ်အတွင်း မြောက်ကိုးရီးယား အမျိုးသမီးတွေနဲ့ ချီတက်လမ်းလျှေက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လူမျိုး အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ Gloria Steinem (၇ ယောက်မြောက်) နဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ၂ ဦးပါတဲ့ အမျိုးသမီးအဖွဲ့တို့ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနိုင်ငံကို နယ်စပ်ဖြတ်ကျော်ချီတက်ကြစဉ်။ (မေ ၂၄၊ ၂၀၁၅)
အမေရိကန်လူမျိုး အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ Gloria Steinem (၇ ယောက်မြောက်) နဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ၂ ဦးပါတဲ့ အမျိုးသမီးအဖွဲ့တို့ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနိုင်ငံကို နယ်စပ်ဖြတ်ကျော်ချီတက်ကြစဉ်။ (မေ ၂၄၊ ၂၀၁၅)

တောင်နဲ့ မြောက်ကိုးရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကိုဖြတ်ပြီး ချီတက်လမ်းလျှေက်မယ့် အမျိုးသမီးအဖွဲ့ွရဲ့ အစီအစဉ်ကို ငြင်းပယ်ခဲ့ပေမဲ့သူတို့ရဲ့ဘတ်စ်ကားက နှစ်နိုင်ငံနယ်နိမိတ်ကို ဖြတ်သန်းပြီး တောင်ကိုးရီးယားနိုင်ငံဘက်သွားဖို့ မြောက်ကိုးရီးယားအစိုးရက ခွင့်ပြုပေးခဲ့ပါတယ်။

ကျမတို့အနေနဲ့ အရပ်ဘက် သံတမန်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်လို့ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးရေးဦးဆောင် တက်ကြွလှုပ်ရှားသူ Steinem က တောင်ကိုရီးယား သတင်းသမားတွေကို ပြောပါတယ်။ဒီခရီးနဲ့အတွက် အကြီးအကျယ်အားပေးထောက်ခံမှု ရခဲ့ပြီး ကျေနပ်အားရမှု ရှိတယ်လို့လည်း သူကပြောပါတယ်။ မြောက်ကိုးရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို မှတ်ချက်တစုံတရာမပေးပေမယ့် နေရာတစ်ခုမှာ လူ့အခွင့်အရေးချိုးဖောက်မှု ရှိတယ်ဆိုတာ နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲလို့ Steinem က ပြောပါတယ်။ ဒါ့ အပြင် ကျမတို့ဘာမှမလုပ်ဘဲနေရင် မြောက်ကိုးရီးယားရဲ့ ပုံရိပ်ကို ပြောင်းနိုင်မှာ မဟုတ်ပါဘူးလို့လည်း ထည့်ပြီး ပြောဆိုခဲ့ပါတယ်။

ဒီအဖွဲ့မှာ Nobel ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်တဲ့ အိုင်ယာလန်မြောက်ပိုင်းက Mairead Maguire နဲ့ Liberia က Leymah Gbowee တို့လည်း ပါဝင်ပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အဲဒီအဖွဲ့ဟာ တောင်နဲ့မြောက် ကိုးရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ရာနဲ့ချီတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေနဲ့ အတူ လမ်းလျှောက်ချီတက်ကြမယ်လို့ မျှော်လင့်ရပါတယ်ရှင်။

XS
SM
MD
LG