သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမိသားစု ကလေး ၂ ဦးယူ ပေါ်လစီနဲ့ ဆေးပညာရှုထောင့်အမြင်


ဗူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာ မူဆလင်တွေအပေါ် မိသားစုတစ်စု ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဒေသန္တရအမိန့်ဟာ ခွဲခြားဆက်ဆံရာ ရောက်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေ အပါအဝင် အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂကပါ ပြစ်တင်ဝေဖန်လာကြပါတယ်။ ကနေဒါ အခြေစိုက် လူ့အခွင့်အရေးနဲ့ ကျန်းမာရေး ဘာသာရပ်မှာ အထူးပြု လေ့လာခဲ့တဲ့ ဆေးပညာရှင်တစ်ဦးကတော့ ဒါဟာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အခြေအနေအရ ကာကွယ်စောင့်ရှောက်ပေးရာ ရောက်တယ်လို့ ရှုမြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာ ဒေါ်ခင်စောဝင်း ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG