သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ တိုးပွား


မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်။
မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်။
ကမ္ဘာတဝှမ်းက လွှတ်တော်တွေမှာ အမျိုးသမီးအမတ်တွေ ပါဝင်မှုဟာ စံချိန်တင်လာတာ တွေ့ရတယ်လို့ IPU ခေါ် Inter Parliamentary Union က စစ်တမ်းကောက်ခံ တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို လွှတ်တော်အမတ် နေရာတွေရဲ့ ၂၂% ကို အမျိုးသမီးတွေ ယူထားတာ တွေ့ခဲ့ရတယ်လို့ IPU ကဆိုပါတယ်။

ဒါဟာ မကြာသေးခင်နှစ်တွေအတွင်း ပျမ်းမျှရာခိုင်နှုန်း ၂ ဆတိုးလာတာဖြစ်ပါတယ်။ IPU ဌာနချုပ်ရှိရာ Geneve ကနေ VOA သတင်းထောက် Lise Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာ အမျိုးသမီးများ ပါဝင်မှုကို နေပြည်တော် ဇမ္ဗူ သီရိ မဲဆန္ဒနယ်မြေက NLD လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
XS
SM
MD
LG