မြန်မာနိုင်ငံက အစိုးရဌာနတွေ အပါအဝင် အဆင့်မြင့်ရာထူး တာဝန်တွေမှာ အမျိုးသမီးတွေ ထမ်းဆောင်ခွင့် အားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကိုလည်း မြှင့်တင်သွားဖို့ လိုမယ်လို့ တိုက်တွန်းပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အုပ်ချုပ်ရေး လုပ်ငန်းတွေ အပါအဝင် အစိုးရရဲ့ လုပ်ငန်းတွေမှာ တိုင်းပြည်လူဦးရေ ၆၀ ရာခိုင်နှုန်းရှိတဲ့ အမျိုးသမီးတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ဘဲ ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မူဝါဒတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ ကပြောပါတယ်။
လွှတ်တော် နစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော်မှာ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၉ ဦးသာရှိတယ်လို့ဒေါ်ခင်စောေ၀ ကပြောပါတယ်။ ဥပဒေပြုရေးပိုင်းက လွှတ်တော် မှာ အမျိုးသမီး အင်အားနည်းနေသာမက အုပ်ချုပ်ရေးပိုင်းက အစိုးရ အဖွဲ့ထိပ်ပိုင်းရာထူးတွေမှာလည်းအမျိုသမီးအရေအတွက် အတော်နည်းနေတယ်လို့ ဒေါ်ခင်စောေ၀ ကပြောပါတယ်။
“ဒီအမျိုးသမီးတွေ သုံးဆယ်ရာခိုင်နှုန်းများ၊ အဓိကက အန်တီကတော့ ပြောချင်တာကတော့ အုပ်ချုပ်ရေးပိုင်းမှာ ဝန်ကြီးတွေအနေနဲ့ အမျိုးသမီးတွေ တအားနည်းနေတာ။ လွှတ်တော်ပေါ်လာမှပဲ နှစ်ဦး၊ သုံးဦးလောက်ကို သူတို့ ထည့်ပေးတာရှိတယ်လေ။ အဲ့ဒီ့အတွက်ကြောင့် အန်တီက အဲ့ဒီ့အဆိုကို အဓိက တင်တာ။ အုပ်ချုပ်ရေးပိုင်းမှာကျတော့ အစိုးရသဘောတူတဲ့သူကို ခန့်အပ်လို့ရတဲ့သဘောရှိတယ်လေ။ သူတို့ခန့်တဲ့သူက တအားနည်းနေတယ်ပေါ့။”
ပြည်တွင်းက အချို့နေရာတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေ နေရာရရှိမှု ဟာ တစ်ဖက်စောင်းနင်းဖြစ်အောင် အခွင့်အရေး မပေးတာမျိုးတွေကို တွေ့ရတယ်လို့ ဒေါ်ခင်စောဝေက အမျိုးသမီး ကျောင်းဝင်ခွင့် အမှတ်တွေ မြှင့်ထားတာကို ဥပမာပေး ပြောသွားခဲ့ပါတယ်။ မြန်မာရဲ့ လူမျိုးစု ဓလေ့ထုံးတမ်းအရ အမျိုးသားဦးစားပေးစနစ်ကိုသာ ကျင့်သုံးလာတဲ့အတွက် အမျိုးသမီးတွေ နေရာရမှုဟာ အတော်နောက်ရောက်နေတယ်လို့ လည်း မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရရောလေ၊ နောက်ပြီးတော့ လူနေမှုစနစ်အရရော၊ အမျိုးသမီးတွေကို အမျိုးသားတွေက နေရာမဖယ်ပေးသလိုဖြစ်နေတယ်။ အမှန်တော့ ဥပဒေအရရယ်မဟုတ်ပါဘူး။ သဘာဝ ဓလေ့အရကို အမျိုးသားတွေက ဦးဆောင်မှုအခန်းကဏ္ဍမှာရှိနေတာ အစဉ်အလာဖြစ်နေတာလေ။ ဒါကြောင့် တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက ရှေ့ကိုရောက်လာမယ့် အခွင့်အရေးတွေ နည်းနေတာကြတာပေါ့။”
မိန်းကလေးတွေဟာ မီးဖိုချောင်မှာပဲ အချိန်ကုန်တာထက် အနာဂတ်မှာခေါင်းဆောင်နေရာတွေ ရလာဖို့ ငယ်ငယ်ကတည်းက အလေ့အကျင်ကောင်းတွေ ပျိုးထောင်သွားဖို့ အရေးကြီးတဲ့ အချိန်ကိုရောက်နေပြီလို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် က မခွန်ဂျာကပြောပါတယ်။ အမျိုးသမီတွေရဲ့ အခန်းကဏ္ဍ ဟာ တိုင်းပြည်အတွက်လည်း အရေးပါပြီးတော့ ကျားမ ခွဲခြားတာတွေ မရှိသင့်တော့ဘူးလို့ သူမကပြောပါတယ်။
“ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ကျမက ကချင်လူမျိုးပါ။ ကချင်ကပဲအစ၊ ဗမာကပဲအစ၊ အကုန်လုံး ကြည့်လိုက်လို့ရှိရင် အမျိုးသမီးတွေကို ဆိုဆုံးမတာဟာ ဆိုလို့ရှိရင် အမြဲတမ်း မီးဖိုချောင်ပို့သလိုဖြစ်နေတယ်။ ရိုးရာအရသော်လည်းကောင်း၊ ယဉ်ကျေးမှု အရသော်လည်းကောင်း၊ အမျိုးသားများနဲ့ ရင်ဘောင်တန်းလို့မရအောင်ကို လုပ်ထားသလိုဖြစ်နေတယ်ပေါ့။ ကျမတို့ရဲ့ ရိုးရာရဲ့ ဓလေ့တွေကလည်းဘဲ။”
အရပ်ဖက် လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ အင်တိုင်အားတိုက် ဆောင်ရွက်လာတာကို ကြိုဆိုပြီးတော့ လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးအခန်းကဏ္ဍ ကို မျက်ကွယ် ပြုထားလို့ မရဘူးလို့ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ဒေါ်ဝါဝါထွန်း ကပြောပါတယ်။
လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ နေရာမှာလည်း အမျိုးသားတွေက သာ ဦးဆောင်နေတာကို တွေ့ ရပြီတော့ အမျိုးသမီးတစ်ယောက်မှ မပါတာကိုတွေ့ရတယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ သမဂ္ဂက မဖြိုးဖြိုးအောင်ကပြောပါတယ်။ နိုင်ငံတကာမှာ အမျိုးသမီးအခွင့်အရေးကို မြင့်တင်ဆောင်ရွက်ဖို့လုပ်နေတဲ့ အချိန်မှာ ပြည်တွင်းက အမျိုးသမီးတွေ အတွက် လမ်းဖွင့်ပေးဖို့ လိုအပ်တယ်လို့ သူမက ရှု့မြင်သုံးသပ်ပါတယ်။
“ကျမအမြင်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို အမျိုးသားတွေထက်ကို အမျိုးသမီးတွေက ပိုပြီးတော့ လိုလားတယ်။ အမျိုးသမီးတွေက ငြိမ်းချမ်းရေးသမားတွေဖြစ်တယ်။ မိခင်စိတ်ရှိတဲ့အတွက်ကို အမျိုးသမီးတွေ ဦးဆောင်တဲ့နိုင်ငံမျိုးက ပိုပြီးတော့ ငြိမ်းချမ်းနိုင်တယ်။ ပိုပြီးတော့ ငြိမ်းချမ်းတယ်။ ပိုပြီးတော့ နွေးထွေးပြီး ရန်မလိုတဲ့တိုင်းပြည်မျိုး ထူးထူးခြားခြား တိုးတက်ပြီးတော့ ရန်မလိုတဲ့ ငြိမ်းချမ်းတဲ့ ကျမတို့လိုလားတဲ့တိုင်းပြည်မျိုးပါ။”
ပြည်သူ့ လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ရှေ့ လာမဲ့ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေက နိုင်ငံရေး တက်ကြွလှုပ်ရှား ပါဝင်လာမယ်ဆိုရင် လွှတ်တော်ထဲ မှာလည်း အမျိုးသမီးထု အင်အား ပိုများလာမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံ ဟာ အမျိုးသမီးတွေကို နည်းမျိုးစုံ ခွဲခြားဆောင်ရွက်မှု ပပျောက်ရေးနဲ့ အမျိုးသမီး အမျိုးသားတန်းတူ မြှင့်တင်ရေးတို့ကို သဘောတူထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီးတော့ ၁၉၉၇ ဇူလိုင်လ ၂၂ ရက်နေ့မှာလည်း မြန်မာစိုးရက အမျိုးသမီးထုအခွင့်အရေးနဲ့ ပတ်သက်တဲ့ CEDAW Convention မှာ လက်မှတ်ရေးထိုး ထားတာလည်းဖြစ်ပါတယ်။