သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအခွင့်အရေး ကုလကြေညာချက် ကန့်ကွက်သူမရှိ


နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်စော်ကားတဲ့ ဖြစ်ရပ်တွေကို တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂကနေ ချမှတ်တဲ့ လိုက်နာရမယ့် စဉ်းမျဉ်းတွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ မူစလင်နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပေမဲ့လည်း ကျော်လွှားသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ အဆင့်အတန်းနဲ့သက်ဆိုင်တဲ့ ကုလသမဂ္ဂကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး မူစလင် တိုင်းပြည်တွေနဲ့ ရိုမန်ကသလစ်ဘာသာဝင်တွေရဲ့ အချက်အခြာဖြစ်တဲ့ ဘာတီကန်နန်းတော်ကပါ ထောက်ခံမှုမပြုသလို ပိတ်ဆို့ဟန့်တားတာမျိုးလည်း မလုပ်ခဲ့ကြပါဘူး။

ဒီကော်မရှင်ရဲ့ ကြေညာချက်ဟာ အတင်းကျပ်လိုက်နာဆောင်ရွက်စေရမဲ့ စည်းမျဉ်းစည်းကမ်းမဟုတ်သလို အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ဘဝရှင်သန်ရေးနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်လာစေဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးတောင်းဆိုတဲ့ လုပ်ရပ်တခုအဖြစ် သံတမန်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရှုမြင်ကြပါတယ်။
ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ ဘာသာရေး အရ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်တဲ့ မတရားသဖြင့် ဆက်ဆံပြုမူတဲ့လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရုရှားနိုင်ငံ ဘာတီကန်နန်းတော်၊ အီရန်နဲ့ မူစလင်တိုင်းပြည်တွေက ပဋိသန္ဓေတားဆီးခွင့် ရှိရေးကိစ္စအပေါ် သဘောမတူကြပါဘူး။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ အီဂျစ်နိုင်ငံက မူစလင် ညီအစ်ကိုတော်များအဖွဲ့က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့အပြုအမူဟာ ခြိမ်းခြောက်မှုတရပ်ဖြစ်သလို လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ဖောက်ဖျက်ကျူးလွန်တာလည်း ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
XS
SM
MD
LG