သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရဲ့ နိုင်ငံတကာကြွေးမြီများ လျှော်ရေး ကမ္ဘာ့ဘဏ် ကူညီမည်


ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim။ (ဧပြီလ ၁၁ ရက် ၂၀၁၂)။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim။ (ဧပြီလ ၁၁ ရက် ၂၀၁၂)။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် ကူညီနေတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဒီ့ထက်မက ပိုပြီး ခရီးရောက်အောင် ထောက်ခံ အားပေးနေပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

၂၀၁၃ ခုနှစ်ဆန်း ပိုင်းလောက်မှာ မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် အကောင်အထည် ဖော်နိုင်ဖို့ စတင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း လည်း ပြောပါတယ်။ ပြုပြင် ပြောင်းလဲရေး အကောင်အထည် ဖော်နေတာကို ချီးကျူးလိုက်ပေမဲ့လို့ လုပ်စရာတွေ အများကြီး ရှိနေဆဲပါပဲလို့လည်း ဆိုပါတယ်။

မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း နိုင်ငံပိုင် စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ဘက်ပေါင်းစုံကနေ အသွင်ကူးပြောင်းနေတာ မကြုံစဖူး အကောင်အထည်ဖော် ကြိုးစားနေတဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ် ဒေါ်လာ သန်း ၄၀၀ နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပေါ် ဒေါ်လာ သန်း ၅၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံကတော့ ဒေါ်လာ သန်းပေါင်း ၃,၈၀၀ ကို ဧပြီလတုန်းက လျှော်ပစ်ခဲ့ပါသေးတယ်။
XS
SM
MD
LG