သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကမ္ဘာတဝှမ်း ဆန္ဒပြ


ပြင်သစ်ဆန္ဒပြသူတွေ ရီပတ်ဘလစ် ပန်းခြံမှာ ဖိနပ်အရံ ၂ သောင်းကျော် ထားပြီး ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းချုပ်မှုတွေလုပ်ဖို့ တောင်းဆို။(နိုဝင်ဘာ ၂၉၊ ၂၀၁၅)
ပြင်သစ်ဆန္ဒပြသူတွေ ရီပတ်ဘလစ် ပန်းခြံမှာ ဖိနပ်အရံ ၂ သောင်းကျော် ထားပြီး ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းချုပ်မှုတွေလုပ်ဖို့ တောင်းဆို။(နိုဝင်ဘာ ၂၉၊ ၂၀၁၅)

တနင်္လာနေ့မှာ စတင်မယ့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို သွားရောက်နေကြချိန်မှာပဲ၊ တနင်္ဂနွေနေ့က ကမ္ဘာတဝှမ်းမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ပါဝင်ခဲ့သူ သိန်းနဲ့ချီရှိခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပဲရစ်မြို့မှာဆိုရင်လည်း အခုလအတွင်း IS အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃၀ သေဆုံးခဲ့တဲ့အတွက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားမှာပဲ၊ တက်ကြွလှုပ်ရှားသူတွေဟာ လက်ချင်းချိတ်ပြီး ပဲရစ်မြို့လယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို ရဲက မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နှင်းခဲ့တဲ့အတွက် အကြမ်းဖက်တာတွေဖြစ်ခဲ့ပြီး၊ ဆန္ဒပြသူ ၂၀၀ ကျော်ကို ရဲကဖမ်းဆီးခဲ့ပါတယ်။

ပြင်သစ်တာဝန်ရှိသူတွေက ချီတက်ဆန္ဒပြတာတွေကို တားမြစ်ထားတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအဝင် ဆန္ဒပြသူတွေက ရီပတ်ဘလစ် ပန်းခြံနေရာမှာ ဖိနပ် အရံ ၂ သောင်းကျော်ကို ထားပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖိနပ်အရံအားလုံးရဲ့ အလေးချိန်ဟာ ၄ တန်ရှိပြီး၊ အဲဒီထဲမှာ ပုပ်ရဟန်းမင်းကြီး Francis ကိုယ်စား ဗာတီကန်က ပို့လိုက်တဲ့ ဖိနပ်တရံလည်းပါဝင်ပါတယ်။

သြစတြေးလျက Perth အပါအဝင်၊ ဘာလင်၊ လန်ဒန်၊ ဆော်ပေါ်လို၊ နဲ့ နယူးယောက်မြို့တွေအပါအဝင် ကမ္ဘာတဝှမ်းမှာ တနင်္ဂနွေနေ့က ဆန္ဒပြမှု ၂ ထောင်ကျော်ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမား၊ တရုတ်သမ္မတ ရှီကျင်းပင်း၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၅၀ က ခေါင်းဆောင်တွေဟာ ညီလာခံအဖွင့်ကို တက်ရောက်ဖို့ရှိနေပါတယ်။

ဒီညီလာခံရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှုကို ဖြစ်စေတဲ့ ကာဗွန်ဓါတ်ငွေ့ လျော့ချပြီး၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပျမ်းမျအားဖြင့် အပူချိန်၂ ဒီဂရီ စင်တီဂရိတ်လျော့ချသွားဖို့ဖြစ်ပါတယ်။

XS
SM
MD
LG