သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ်တူဂီ ပြင်သစ် ခြေစစ်ပွဲအောင်


ဆွီဒင်နဲ့ ပေါ်တူဂီအသင်းတို့ ခြေစစ်ပွဲမှာ အကြိတ်အနယ် ကန်နေစဉ်။
ဆွီဒင်နဲ့ ပေါ်တူဂီအသင်းတို့ ခြေစစ်ပွဲမှာ အကြိတ်အနယ် ကန်နေစဉ်။
၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ မနေ့အင်္ဂါနေ့က ကစားခဲ့တာမှာ ဥရောပဇုန်မှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဂရိ နဲ့ ခရိုအေးရှားတို့ ခြေစစ်ပွဲအောင်သွား ကြပြီ ဖြစ်ပါတယ်။ ဆွီဒင်နဲ့ ပေါ်တူဂီပွဲမှာ ပေါ်တူဂီက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားတာကြောင့် ပေါ်တူဂီဟာ ၂ ပွဲပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ခြေစစ်ပွဲအောင်သွားပါတယ်။ ပေါ်တူဂီအတွက် ဂိုးတွေကို ရိုနာလ်ဒိုကပဲ သွင်းသွားတာပါ။

ပြင်သစ်နဲ့ ယူကရိန်းပွဲမှာတော့ ပြင်သစ်က ၃ ဂိုး ဂိုးမရှိနဲ့ နိုင်တာကြောင့် ၂ ပွဲပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။ ပြင်သစ်အတွက် ဂိုးတွေကို ဆာခိုက ၂ ဂိုးနဲ့ ဘန်ဇီးမားက ၁ ဂိုး သွင်းခဲ့ပါတယ်။ ဒါ့အပြင် ခရိုအေးရှားကလည်း အိုက်စလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ခြေစစ်ပွဲအောင်သွားသလို၊ ရိုမေးနီးယားနဲ့ ဂရိ ပွဲကတော့ ၁ ဂိုးစီ သရေကျသွားတာကြောင့် ဂရိအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်ပါတယ်။

နယူးဇီလန်နဲ့ မက္ကဆီကိုပွဲမှာတော့ မက္ကဆီကိုက ၄ ဂိုး ၂ ဂိုးနဲ့ နိုင်လိုက်တာကြောင့် ၂ ပွဲပေါင်း ၉ ဂိုး ၃ ဂိုးနဲ့ မက္ကဆီကိုအသင်း ခြေစစ်ပွဲအောင်သွားခဲ့ပါတယ်။ အာဖရိကဘက်မှာတော့ ဂါနာနဲ့ အယ်လ်ဂျီးရီးယားတို့လည်း ခြေစစ်ပွဲ အောင်သွားပါတယ်။
XS
SM
MD
LG