သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အဆမတန် မြင့်မားနေ


နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ အမေရိကန်နဲ့ ဥရောပ အရှေ့ပိုင်းက ကောက်ပဲသီးနှံတွေ ခြောက်သယောင်းကုန်ပါတယ်။
နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ အမေရိကန်နဲ့ ဥရောပ အရှေ့ပိုင်းက ကောက်ပဲသီးနှံတွေ ခြောက်သယောင်းကုန်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့ဥရောပဒေသတွေမှာ မိုးခေါင်မူှဖြစ်ပွားခဲ့တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနူန်းတွေ သိသိသာသာ တက်သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဈေးနူန်းတွေ ၁၀ရာခိုင်နူန်းတက်သွားပြီးတော့ ပြောင်းဖူးနဲ့ ပဲပုတ်ဈေးတွေဟာ ခေါင်ခိုက်ကုန်တယ်လို့ နိုင်ငံတကာငွေချေးရေး အေဂျင်စီက ပြောပါတယ်။

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ အမေရိကန်နဲ့ ဥရောပ အရှေ့ပိုင်းက ကောက်ပဲသီးနှံတွေ ခြောက်သယောင်း ကုန် ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာဈေးနူန်း အားလုံးအနေနဲ့ ခြုံပြီးတော့ ယမန်နှစ် ဒီလပိုင်းတွေထက် ခြောက်ရာခိုင်နူန်းလောက် တက်သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဇွန်လနဲ့ ဇူလိုင်လတွေမှာ ပြောင်းဖူုးနဲ့ ဂျုံဈေးတွေဟာ ၂၅ ရာခိုင်နူန်းတက်သွားပြီးတော့ ပဲပုတ်ဈေးက ၁၇ ရာခိုင်နူန်း တက်သွားခဲ့ပါတယ်။ ဆန်ဟာလည်း ၄ရာခိုင်နူန်း တက်သွားခဲ့ပါတယ်။ စားနပ်ရိက္ခာဈေးတွေ တက်သွားတဲ့ အတွက် အထူးသဖြင့် အာရှနဲ့ အာဖရိကက ပြည်သူတွေက သန်းနဲ့ချီပြီး ကျမ်းမာရေးနဲ့ အထွေထွေ ပြသနာတွေ ရင်ဆိုင်ကြရလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim က ပြောကြားလိုက်ပါတယ်။ ။
XS
SM
MD
LG