သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ariel Sharon အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းစကား


အစ္စရေးဝ်ကြီးချုပ်ဟောင်း Ariel Sharon Nitzanim ဂျူးအခြေချနေထိုင်သူ ထောင်ပေါင်းများစွာ နေထိုင်ဖို့ ရည်မှန်းထားတဲ့ ကမ်းမြောင်ဒေသကို ကြည့်နေစဉ်။ (မေ ၁၇၊ ၂၀၀၅)
အစ္စရေးဝ်ကြီးချုပ်ဟောင်း Ariel Sharon Nitzanim ဂျူးအခြေချနေထိုင်သူ ထောင်ပေါင်းများစွာ နေထိုင်ဖို့ ရည်မှန်းထားတဲ့ ကမ်းမြောင်ဒေသကို ကြည့်နေစဉ်။ (မေ ၁၇၊ ၂၀၀၅)
အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ Ariel Sharon ရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများက ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြသလို သူ့အပေါ် ဝေဖန်သူတွေကလည်း Mr.Sharon ပတ်သက်ပြီးတော့ ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ ဇနီးကလည်း Mr.Sharon ရဲ့ မိသားစုနဲ့ အစ္စရေးပြည်သူတွေအတွက် အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံရဲ့ လုံခြုံရေးနဲ့ ၂ နိုင်ငံ ငြိမ်းချမ်းလုံခြုံစွာ အတူရပ်တည်သွားနိုင်ရေးအတွက် သဘောထားတွေကို ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြောခဲ့ပါတယ်။ Mr.Sharon ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ပြိုင်ဘက်လည်း ဖြစ်တဲ့ အစ္စရေးလ်သမ္မတ ရှီမွန် ပဲရစ္စ်ကတော့ Mr.Sharon ဟာ ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ယောက်ဖြစ်သလို ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပြီး အစ္စရေးလ်နိုင်ငံကို ချစ်တဲ့သူဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေကတော့ Mr. Sharon ကို ရှုတ်ချခဲ့ကြပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ Hamas အဖွဲ့ကတော့ Sharon ဟာ မင်းဆိုးမင်းညစ်ဖြစ်တယ်လို့ ပြောခဲ့သလို Fatah လှုပ်ရှားမှုခေါင်းဆောင် Jibril Rajoub ကလည်း Mr. Sharon ဟာ ရာဇဝတ်ကောင်လို့ ပြောလိုက်ပြီး သူ့ကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို မတင်နိုင်လိုက်တဲ့အတွက် ဝမ်းနည်းမိတယ်လို့ ပြောလိုက်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ - Mr. Sharon ဟာ သူ့ပြည်သူတွေ အတွက် သူရဲကောင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ပြင်သစ်သမ္မတ Francois Hollande ကတော့ Mr. Sharon ဟာ အစ္စရေးလ်နိုင်ငံရဲ့ သမိုင်းမှာ အဓိက ဇတ်ဆောင်တဦးဖြစ်တယ်လိုပြောလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်ကတော့ အစ္စရေးလ်နိုင်ငံ သူတို့အတွက် အရေးပါတဲ့ခေါင်းဆောင် တဦးကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
XS
SM
MD
LG