၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်းမီးပန်းတွေကို ထွန်းညှိပြသထားပါတယ်။ ဆစ်ဒနီဆိပ်ကမ်းဝန်းကျင်မှာ လာရောက်ပြီး စုဝေးကြသူပေါင်းဟာ တစ်သန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီ့ဒေသမှာ နွေးထွေးတဲ့နွေညဖြစ်တာမို့ လူတွေအတော်များများ အေးအေးချမ်းချမ်းနဲ့ ဆင်နွှဲနေကြပါတယ်။
မီးရှုးမီးပန်းပြပွဲအတွက် ဒေါ်လာသန်းပေါင်း ၆.၉သန်းဖိုး အကုန်အကျခံပြီးပြသ ထားတာပါ။ သြစတေးလျနိုင်ငံက နံမည်ကျော် ဂီတပညာရှင် Kylie Minogue က ဆစ်ဒနီဆိပ်ကမ်းတံတားမှာ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေပွင့်လာအောင် ခလုတ်နှိပ်ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာတော့ တိုကျိုမှာရှိတဲ့ အဆာကူဆာ ဘုရားကျောင်းမှာ ရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပနေသလို ဂျပန်နိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ရှင်တို ဘုရားကျောင်းတွေမှာ ၂၀၁၃ခုနှစ်အတွက် ကံကောင်းစေဖို့ သန်းနဲ့ချီတဲ့ ဂျပန်လူမျိုးတွေ လာရောက်ဆုတောင်းနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကတာမှာတော့ နှစ်သစ်ကူးပွဲတော် ကပွဲခုန်ပွဲ ကျင်းပနေတာမို့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ထားပါတယ်။