သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ ခုနှစ် နည်းပညာ


ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မှာ Apple ကုမ္ပဏီက iPhone 5 အကြောင်းရှင်းလင်းပြသနေပုံ
(စက်တင်ဘာ ၁၂ရက် ၂၀၁၂)
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မှာ Apple ကုမ္ပဏီက iPhone 5 အကြောင်းရှင်းလင်းပြသနေပုံ (စက်တင်ဘာ ၁၂ရက် ၂၀၁၂)
၂၀၁၂ ခုနှစ်ရဲ့ January လထဲမှာပဲ ဒီနှစ်ဟာ နည်းပညာ နှစ်သစ်စခဲ့ပြီ ဆိုတာကို Las Vegas က CES လို့ လူသိများတဲ့ လျှစ်စစ်ပစ္စည်း အရောင်းပြပွဲမှာ စတွေ့ခဲ့ရပါတယ်။ LG ကုမ္ပဏီရဲ့ Organic Light Emitting Diode - OLED လို့ခေါ်တဲ့ ပါးလှပ်လှပ် TV လေးတွေက ပွဲလာကြည့်သူတွေကို အံ့သြစေခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ ဒီလိုပြပွဲမျိုးမှာ 3D လို့ခေါ်တဲ့ သုံးဘက်မြင် ပုံရိပ် ဆိုင်ရာ ပစ္စည်းတွေပဲ သူ့ထက်ငါ အပြိုင်တွေ့ခဲ့ကြရပေမယ့် အခုတော့ လျှပ်စစ်ပစ္စည်းတွေကို ပါးနိုင်သမျှ ပါး၊ ပေါ့နိုင်သမျှပေါ့အောင် လုပ်လာကြတာ တွေ့ရပါတယ်။ ၅ လက္မလောက်ပဲရှိတဲ့ smartphones တွေမှာ သုံးနေတဲ့ နည်းပညာမျိုး OLED –TV မှာ သုံးပါတယ်။ အရွယ်အစားပိုကြီးတဲ့ ဒီ TV တွေအတွက် အများ သုံးဖို့ တော့ ၂၀၁၂ ခုနှစ်မှာစပြီး ထုတ်နိုင်ခဲ့တာပါ။

OLED –TV ဟာ ပုံရိပ်နဲ့ အလင်းအမှောင် ပိုမိုပြတ်သားသလို သာမန် TV တွေထက် အဆ တထောင် ပိုမြန်မြန် ပုံရိပ် အသစ်ပြောင်းပေးတာလိုမျိုး စွမ်းဆောင်နိုင်မှုတွေကလည်း အများကြီး ပိုပါပါတယ်။

"ဒါဟာ ကမ္ဘာ့ အပေါ့ဆုံး၊ အပါးဆုံးနဲ့ အကြီးဆုံး (OLED) အိုလက် TV ဖြစ်ပါတယ်။ ၇.၅ ကီလိုဂရမ်ပဲ လေးပြီး အထူက ၄ မီလီမီတာပဲ ရှိတာမို့ တကယ့်ကို အံသြစရာပါ။"

ဒါက LG company ကထုတ်တာပါ။ သူ့ပြိုင်ဘက် Samsung က ထုတ်တဲ့ အိုလက်တီဗီ တွေကိုလည်း ပရိတ်သတ်က စိတ်ဝင်စားကြပါတယ်။

Sony ကုမ္ပဏီကတော့ ၂၀၁၂ ခုနှစ် နှစ်ဆန်းမှာ PlayStation Vita ကို ထုတ်ပါတယ်။ အဲဒီမှာလည်း အိုလက် touchscreen လို့ခေါ်တဲ့ ဖန်သားပြင်ပါပြီး အထဲမှာသုံးတဲ့ network က 3G အဆင့် ဖြစ်ပါတယ်။ လက်ကိုင်ဖုံးတွေမှာသုံးတဲ့ လက်နဲ့ လိုရာခိုင်းစေလို့ရတဲ့ ဖန်သားပြင်ကိုသုံးပြီး ကစားသူတွေအတွက် ပိုမိုလွယ်ကူအောင် လုပ်ထားတဲ့ ဒီ PlayStation Vita ကို ဥရောပနဲ့ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၅၀ နဲ့ ဖေဖေါ်ဝါရီလကုန်လောက်မှာ စရောင်းတာပါ။

Netherlands နိုင်ငံမှာတော့ ကျည်မဖေါက်တဲ့ အရေပြားကို သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ပါတယ်။ ဒီတီထွင်မှုမှာ မျိုးဗီဇ အင်ဂျင်နီယာ ပညာကိုသုံးပြီး ခွဲစိတ်ကု ဆရာဝန်တွေအတွက် ပင့်ကူမျှင်တွေကနေ ကြီးမားတဲ့ ဒဏ်ရာတွေကို ကျက်အောင်လုပ်ပေးနိုင်ခဲ့သလို အရွတ်တွေ၊ ကြွက်သားအတုတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Dutch Forensic Institute က အသံလုံခန်းထဲမှာ သိပ္ပံပညာရှင်တွေက ပွိုင့်တူးတူး ရိုင်ဖယ်သေနတ်နဲ့ သူတို့ ထွင်ထားတဲ့ အရေပြားကိုပစ်ပြီး စမ်းသပ်ပြခဲ့ပါတယ်။ အားပြင်းပေမယ့် သာမန် လူ့အရေပြားလို စုတ်ပြတ်မသွားဘဲ ကျည်ရဲ့ ပြင်းအားကို သူတို့ရဲ့ တီထွင်ထားတဲ့ ဗီဇဆဲလ်နဲ့ ပင့်ကူမျှင်က အရှိန်လျော့စေခဲ့တာမို့ သိပ္ပံရုပ်ရှင်ထဲက သူရဲကောင်းတွေအတွက်ပါ အလုပ်ဖြစ်ပါတယ်။

smartphone တွေ ရေထဲပြုတ်ကျတာ၊ မိုးစိုကုန်တာမျိုးအတွက် စိတ်ပူစရာမလိုတော့တဲ့ နည်းပညာတခုလည်း ၂၀၁၂ ခုနှစ်မှာပဲ တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက P2i နည်းပညာတီထွင်တဲ့ ကုမ္ပဏီက Dr. Stephen Coulson က ဘယ်လိုလုပ်ထားတယ် ဆိုတာကို ရှင်းပြပါတယ်။

"ဒီနည်းပညာက လေဟာနယ်လုပ်ထားတဲ့ နေရာမျိုးမှာ အလုပ်ဖြစ်ပါတယ်။ ဖိအားနဲတဲ့ အဲဒီ အခန်းထဲမှာ ပစ္စည်းကိုထားပြီး ဓါတ်ငွေ့တွေကို အဲဒီ အခန်းထဲလွှတ် ပေးပြီး အလွှာပါးလေး အဖြစ် အပေါ်ကနေ ဖုံးအောင်လုပ်ပေးလိုက်တာပါ။ အဲဒါဆို ရေထိရင် ရေစိုသွားမယ့်အစား ရေကဘေးကို ထွက်သွားတာပါ။"

ဒီ P2i အလွှာဟာ လူ့ဆံပင်ထက် အဆ တထောင်လောက် သေးငယ်ပါတယ်။ ဒီအလွှာကို အထဲမှာရော အပြင်မှာပါ Nano နည်းပညာသုံးပြီး သုတ်ပေးထားလိုက်ရင် လက်ကိုင်ဖုံးတွေအတွက် ရေစင်တာတို့၊ မိုးစိုတာတို့ကြောင့် ပျက်စီးတဲ့အန္တရာယ်က ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ဒါကို စစ်ဝတ်စုံတွေ၊ ဖိနပ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေမှာ အခုဆို စတင်သုံးစွဲနေပြီဖြစ်ပါတယ်။

နောက်တခုကတော့ Los Angeles မှာ ပြခဲ့တဲ့ နောက်ဆုံးပေါ် video games ပြပွဲပါ။ ဂျပန်က Nintendo ရဲ့ Wii U အသစ်ပါ။ E3 ဟာ ၂၀၁၂ ခု၊ နွေရာသီမှာ လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။ အရင် ပုံစံ Wii ဝီနဲ့ ထိန်းချုပ်ထားတဲ့ ကစားနည်းတွေထက် ပိုကောင်းအောင်ထွင်ထားတဲ့ ၆ လက္မကျော် touchscreen နဲ့ ဝီ U gamepad ကနေ ထိန်းချုပ်တဲ့ နောက်ဆုံးကစားနည်း ၂၃ ခုကို နင်တန်ဒို က ထုတ်ခဲ့ပါတယ်။

ဒါကို Sony company ကလည်း သူတို့ နောက်ဆုံးထုတ်လုပ်တဲ့ ကစားစရာနဲ့ အပြိုင်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါက playstation Vita ပါ။

အမေရိကန်နိုင်ငံက Sony ကွန်ပြူတာဌာန အကြီးအကဲ Jack Tretton ကတော့ playstation ၃ နဲ့ Vita ကြား ဘာကွာတယ်ဆိုတာကို အခုလိုပြောပါတယ်။

"ကစားတဲ့သူတယောက်ထဲကနေ ကစားပွဲရဲ့ မျက်နှာပြင် ၂ခုစလုံးကို ထိမ်းချုပ်နိုင်တာက Vita က PS 3 ထက်ပိုပြီး ကောင်းလာတဲ့ အချက်ပါ။"

၂၀၁၂ ထဲမှာပဲ လေယာဉ်ပျံတွေ ထုတ်တဲ့ Airbus က နောင် ၂၀၅၀ ထဲမှာ အခုထက်ပိုမြန်ပြီး အရှိန်ကောင်းမယ့် လေယာဉ်တွေ ထုတ်နိုင်တဲ့ နည်းပညာကို ရထားပြီလို့ Airbus ကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် Charles Champion က ကြေညာခဲ့ပါတယ်။

"လေယာဉ်ပျံအတက်မှာ ချက်ချင်း တက်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို လေယာဉ်ကနေ ယူမှာမဟုတ်ပဲ မြေပြင်ကနေ အစားထိုးလောင်စာ စွမ်းအင်သုံးြ့ပီး ယူဖို့ လုပ်မှာပါ။"

ဒီလေယာဉ်မျိုးဟာ လေယာဉ်ပြေးလမ်း အရှည်ကြီးမလိုတော့ဘဲ ထိုးဆင်း ထိုးတက်နိုင်တော့ မှာမို့ နေရာအခက်အခဲရှိနေတဲ့ မြို့ကြီးတွေအတွက် လေဆိပ်သစ်တွေ ထားနိုင်တော့မှာဖြစ်တယ် လို့ဆိုပါတယ်။

ဗြိတိန်နိုင်ငံက TV အဝေးထိန်းစက် အသစ်တမျိုးထွင်ခဲ့တာကလည်း ၂၀၁၂ ခုနှစ်ထဲမှာပါ။ အမေရိကန်ဒေါ်လာ ၆၀လောက်ပေးရတဲ့ ခလုတ်မပါတဲ့ ဒီစက်ကို Sonic Screwdriver Universal Remote Control လို့ခေါ်ပါတယ်။

Apple company က တီထွင်ပညာရှင် Steve Jobs ၂၀၁၁ ခုနှစ်မှာကွယ်လွန်သွားပြီးတဲ့နောက် ၂၀၁၂ ခုနှစ်ထဲမှာ company က နောက်ဆုံးထုတ်လိုက်တာက iPhone 5 ဖြစ်ပါတယ်။ iPhone 4 ထက် ပိုရှည်ပြီး အပါးဆုံး၊ အပေါ့ပါးဆုံး apple ရဲ့ နောက်ဆုံးပေါ်ဖုံးကို ကမ္ဘာတဝှမ်းက Apple ပရိတ်သတ်တွေ စထွက်တဲ့နေ့မှာပဲ လက်ထဲကိုင်နိုင်ဖို့ ထုံးစံအတိုင်း ညလုံးပေါက် တန်းစီခဲ့ကြတာပါ။

"ဒါက Apple လေ။ တကယ်ကောင်းတဲ့ ဖုံးပါ။ ဒီဖုံးကို ပထမဆုံး စထွက်ကတည်းက ကျွန်တော် ကိုင်တယ်။ ကျွန်တော့်အတွက်တော့ ဒီလိုကိုင်ရမှ ဖြစ်မှာပါ။ နှစ်တိုင်း အသစ်ဝယ်တယ်။ ဒါက နောက်ဆုံးပေါ် နည်းပညာတွေသုံးနိုင်အောင် ဆိုတဲ့ သဘောလည်း ပါတယ်။ အကောင်းဆုံး ဖုံးကို သုံးမယ်ဆိုတဲ့ သဘောလည်း ပါတယ်။"

iPhone 5 ဟာ ပိုပါး၊ ပိုပေါ့သလို မျက်နှာပြင်ပိုရှည်ပြီး နောက်ဆုံးပေါ် Software တွေပါတဲ့ ဆက်သွယ်မှု သိပ်မြန်ဆန်တဲ့ နောက်ဆုံးထုတ် 4G မျိုးဆက် မိုဘိုင်းလ်ကွန်ယက်သုံးတဲ့ ဖုံးပါ။ Apple company ကတော့ သူ့ကို ထုတ်ရောင်းတော့မယ်လို့ ကြေညာလိုက်ပြီး ၂၄နာရီ အတွင်းမှာပဲ အော်ဒါမှာသူက ၂ သန်းရှိခဲ့တာမို ပြီးခဲ့တဲ့နှစ် iPhone 4 တုန်းကထက် ၂ ဆများတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG