သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှင်ဂျန်းဘူတာတိုက်ခိုက်မှု ၃ ဦးသေ


တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်က မီးရထား ဘူတာရုံတခုမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး၊ ၇၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ထုတ်ပြန် ကြေညာပါတယ်။

တိုက်ခိုက်သူတွေဟာ ဓားနဲ့ လူတွေကို လိုက်ပြီး လှီးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗုံးတလုံးကိုတော့ ဘူတာရုံအထွက် Urumqi မြို့တော်ကိုသွားတဲ့ ဘတ်စ်ကားဂိတ်တို့ကြားမှာ ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်ဂျန်းကို ၄ ရက်ခရီး သွားရောက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ပြန်လာတဲ့ တရုတ်သမ္မတ Xi Jinping ကတော့ ပြတ်ပြတ်သားသား အရေးယူမယ်လို့ ချက်ခြင်း ပြောဆိုလိုက်ပါတယ်။ ဒီဒေသက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် သမားတွေကို နှိမ်နင်းမယ်လို့ သူကပြောပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကမှတော့ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ရှင်ဂျန်းဟာ တရုတ်မွတ်ဆလင် Uighur ဝီဂါတွေ နေထိုင်ရာဒေသ ဖြစ်ပါတယ်
XS
SM
MD
LG