သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွတ်လပ်မှုရှိဖို့ Yanghee Lee တိုက်တွန်း


ကုလအထူးကိုယ်စားလှယ် မစ္စ Yanghee Lee။
ကုလအထူးကိုယ်စားလှယ် မစ္စ Yanghee Lee။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ပြီး၊ လွတ်လပ်မှုရှိတဲ့၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် ကျင်းပဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပန်ကြားလိုက်ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လုပ်ဆောင်မှုတွေမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်မယ်လို့ အထူးကိုယ်စားလှယ် မစ္စ Yanghee Lee က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ လူ့အခွင့်အရေးဖြစ်တဲ့ လူတိုင်းရပိုင်ခွင့်ရှိတဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့်တွေ ဆိတ်သုန်းနေတာကို စိုးရိမ်စိတ်ပူကြောင်းလည်းမစ္စရန်ဟီးလီက သတင်းထောက်တွေကို ပြောပါတယ်။ တကယ်လို့ ဒီအခွင့်အရေးတွေ မရဘူးဆိုရင် စစ်မှန်တဲ့ ရွေးကောက်ပွဲအဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်မှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။ ဒီလို ရပိုင်ခွင့်တွေကျင့်သုံးဖို့ ကြိုးစားသူတွေကို ဖမ်းဆီးတာနဲ့ အရေးယူတာတွေ အတွက်လည်း စိတ်ပူတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူဆလင် မဲပေးသူနဲ့ လွတ်တော်မှာ တာဝန်ထမ်းဆောင်နေသူအပါအဝင် ကိုယ်စားလှယ်လောင်းတချို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မဲပေးခွင့် မပြုခဲ့တာလို့ ဘာသူရေးဆိုင်ရာ ခွဲခြားမှုတွေကို ရခိုင်ပြည်နယ်မှာ အများဆုံးတွေ့နေရတယ်လို့ ပြောပါတယ်။

စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေ နဲ့ ရေဘေးဒဏ်သင့် ချင်းပြည်နယ်ထဲက နေရာတချို့မှာတော့ မဲပေးခွင့်မရသူတွေ အများ အပြားရှိလာနိုင်တယ်လို့ သတိပေးလိုက်ပြီး ဒါဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူးဆိုတဲ့ ခံစားမှုတွေကို ပေါ်ပေါက်လာ စေနိုင်တယ်လို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်လာတဲ့ ၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး အခြေနေ တိုးတက်မှုရှိလာတာကို ငြင်းမရပေမယ့် ပြုပြင်ပြောင်းလဲမှုကို ဆက်ပြီး ဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနေ့ညဘက်မှာတော့ အတိုက်အခံပါတီရဲ့ ရန်ကုန်မှာကျင်းပတဲ့ လူထု စုဝေးပွဲဟာ ဓါးတွေနဲ့ ဝင်လာတဲ့ လူတချို့ကြောင့် အနှောက်အယှက် ဖြစ်ခဲ့ရပြီးရန်ကုန်တိုင်း ဒေသကြီးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရှိ ဒက္ခိဏသီရိ မဲဆန္ဒနယ် လွှတ်တော်အမတ်ဖြစ်တဲ့ဦးနိုင်ငံလင်းကို ဆေးရုံတင်ခဲ့ရသလို နောက် ၂ ဦးလည်း ဒဏ်ရာ တွေ ရခဲ့ပါတယ်။

XS
SM
MD
LG