သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၃၃ ဦးသေဆုံး


ယီမင်နိုင်ငံ အလယ်ပိုင်းမှာ ရှီရိုက်မူဆလင် ဟူသီသူပုန်အဖွဲ့တွေ စုဝေးနေချိန်မှာ အသေခံ ဗုံးခွဲသမားတဦးက ဝင်ရောက်တိုက်ခိုက်လို့ လူ ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

တမန်တော် မိုဟာမတ်ရဲ့ မွေးနေ့ အထိန်းအမှတ် Ibb မြို့က ယဉ်ကျေးမှုဌာနမှာ အခမ်းအနား ကျင်းပနေစဉ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ တိုက်ခိုက်ခံရတာပါ။ ဒဏ်ရာရရှိခဲ့သူတွေထဲမှာတော့ ဒေသ အုပ်ချုပ်ရေးမှူးလည်း ပါဝင်ပါတယ်။

အဲဒီနေရာမှာပဲ ဒုတိယ ဗုံးတလုံး ထပ်မံ ပေါက်ကွဲခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသိရသေးပါဘူး။

ဟူသီသူပုန်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ က ယီမင်နိုင်ငံ မြို့တော် ဆာနားကို သူတို့ ထိန်းချုပ်လာခဲ့ချိန်ကစလို့ အာရေဗျကျွန်းဆွယ်မှာ အခြေစိုက်တဲ့ အယ်လ်ခိုင်းဒါး တိုက်ခိုက်ရေးသမားတွေနဲ့ တခြားသော ဆူနီ လူမျိုးစု မဟာမိတ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာပါ။

XS
SM
MD
LG