သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မှာ al-Qaida အဖွဲ့ဝင်ဟု မသင်္ကာသူ ၃၇ ဦး သေဆုံး


ယီမင် တိုက်ပွဲ (မေ ၄၊ ၂၀၁၄)။
ယီမင် တိုက်ပွဲ (မေ ၄၊ ၂၀၁၄)။
ယီမင်နိုင်ငံ တောင်ပိုင်းက ပြင်းထန်တဲ့တိုက်ပွဲအတွင်း al-Qaida စစ်သွေးကြွတွေ လို့ မသင်္ကာသူ ၃၇ ယောက်ကို ယီမင်စစ်တပ်က သုတ်သင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။

အဘ် ယန် (Abyan) နဲ့ ရှာ ဘွာ (Sha Bwa) ပြည်နယ်တောင်ပိုင်းကနေ ဒီ al-Qaida စစ်သွေးကြွတွေကို တိုက်ထုတ်ပစ်ဖို့ ကြိုးပမ်း တဲ့ ရက်ပေါင်းများစွာ စစ်ဆေးရေးအတွင်း - Meyfaa မေ ဖာ မြို့မှာ ညလုံးပေါက်ဖြစ်တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်း ပစ်ခတ်မှုအတွင်းမှာ သူတို့တွေ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အခုသေဆုံးသွားသူတွေထဲမှာ - ဆောဒီ၊ အာဖဂန်၊ ဆိုမာလီ၊ ချီချန် နဲ့ တခြားလူမျိုးတွေ ပါဝင်ကြတယ်လို့ ယီမင်စစ်တပ်က လာတဲ့သတင်းကို ကိုကားပြီး ယီမင်နိုင်ငံအခြေစိုက် ဆာဘာ သတင်းဌာနက ဖော်ပြထားပါတယ်။
al-Qaida စစ်သွေးကြွ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ - ချီချန်လူမျိုး အက်ဘူ အစ္စလာမ် အယ်လ် ရှာ ရှနီ (Abu Islam al-Shashani) ဟာ အဘ် ယန် (Abyan) မှာဖြစ်တဲ့ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တယ်လို့ ယီမင်အစိုးရက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG