သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zambia မှာ လူဖြူ ကို သမ္မတ မြှောက်


Zambia သမ္မတ သစ် Guy Scott.
Zambia သမ္မတ သစ် Guy Scott.

ဇမ်ဘီယာသမ္မတ Michael Sata အင်္ဂါနေ့က လန်ဒန်မြို့မှာ ကွယ်လွန် သွားပြီးတဲ့နောက် ဒုတိယသမ္မတ Guy Scott ဟာ နှစ် ၂၀ အတွင်း ဇမ်ဘီယာနိုင်ငံရဲ့ ပထမဆုံး လူဖြူသမ္မတဖြစ်လာပါတယ်။

“နိုင်ငံရဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေအရ သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၉၀ အတွင်း ကျင်းပပါမယ်။ ကြားကာလမှာ အခြေခံဥပဒေအရ ယာယီသမ္မတအဖြစ် ကျနော်တာဝန်ထမ်းဆောင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကြီးကြပ် သွားပါမယ်။” လို့ ယာယီသမ္မတ Guy Scott ကပြောပါတယ်။

သူ့ရဲ့မိဘတွေဟာ စကော့တလန်ကဖြစ်တာကြောင့် မစ္စတာစကော့တ်အနေနဲ့ သမ္မတရွေးကောက်ပွဲ ဝင်လို့မရပါဘူး။ ဒါပေမဲ့ လည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဇမ်ဘီယာအစိုးရက လွှတ်တော်အမတ်တွေဆီ တင်သွင်းထားတဲ့ အခြေခံဥပဒေမူကြမ်းအသစ်ထဲမှာ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ မိဘတွေဟာ ဇမ်ဘီယာနိုင်ငံမှာမွေးဖွားသူတွေ ဖြစ်ရမယ်ဆိုတဲ့ပြဌာန်းချက်ကို ပယ်ဖျက် ထားပါတယ်။

ကွယ်လွန်သူသမ္မတ မစ္စတာဆာတာဟာ ၂၀၁၁ ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရတာကြောင့် ဇမ်ဘီယာမှာ နှစ် ၂၀ ကြာ အာဏာ ရယူလာတဲ့ ပါတီစုံဒီမိုကရေစီလှုပ်ရှားမှု ပါတီရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားစေပါတယ်။

XS
SM
MD
LG