သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာ မိခင်လောင်း ၃ ထောင်ကျော် ဇီကာကူးစက် 


ကိုလံဘီယာ သမ္မတ Juan Manuel Santos
ကိုလံဘီယာ သမ္မတ Juan Manuel Santos

ကိုလံဘီယာနိုင်ငံအတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၁၀၀ ဟာ ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်လို့ သမ္မတ Juan Manuel Santos က ပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သွားရောက်လည်ပြီး ပြန်ရောက်လာတဲ့ သမ္မတက တိုင်းပြည်ကို စနေနေ့က ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့အထဲ အဲဒီလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ဒီကိစ္စကို ကူညီဖို့အတွက် ကျွမ်းကျင်သူတွေ စေလွှတ်နေတယ်လို့ ပြောပါတယ်။

ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုး
ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုး

သမ္မတ Barack Obama ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ကြောင်း၊ သူတို့အနေနဲ့ ကိုလံဘီယာရဲ့ အမျိုးသားကျန်းမာရေးဌာနနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေပြီဖြစ်ကြောင်း၊ အမေရိကန်က ကိုယ်စားလှယ်အဖွဲ့ဟာ အခုသီတင်းပတ်အတွင်း ရောက်လာကြမှာဖြစ်ကြောင်း သမ္မတ Santos က ပြောပါတယ်။

မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ Microcephaly ခေါ် ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက်အာရုံ ချို့ယွင်းမှုတွေ ဖြစ်ပေါ်တာဟာ ဇီကာကူးစက်ရောဂါပိုးနဲ့ ဆက်စပ်မှုရှိတယ် မရှိဘူးဆိုတဲ့ တိကျ ခိုင်မာတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့လည်း သမ္မတ Santos က ပြောပါတယ်။

XS
SM
MD
LG