သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ဖွဲ့စည်းပုံသစ် ဆန္ဒခံယူ


ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် မဲဆန္ဒပေးဖို့ ဇင်ဘာဘွေပြည်သူတွေ စောင့်ဆိုင်းနေစဉ်။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် မဲဆန္ဒပေးဖို့ ဇင်ဘာဘွေပြည်သူတွေ စောင့်ဆိုင်းနေစဉ်။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ဇင်ဘာဘွေနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတရာထူးသက်တမ်းကို ကန့်သတ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် လူထုဆန္ဒခံယူပွဲ မဲပေးတာတွေ ပြီးသွားပြီဖြစ်ပါတယ်။ အခုအဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က တကြိမ်ကို ၅ နှစ်ထမ်းဆောင်ဖို့ သတ်မှတ်ထားတဲ့ သမ္မတရာထူးသက်တမ်းကို ၂ ကြိမ် အထိပဲ ထမ်းဆောင်ခွင့်ပြုမှာ ဖြစ်ပြီး၊ အဲဒီထက်ပိုပြီး ရွေးချယ်ခံပိုင်ခွင့်ရမှာမဟုတ်ပါဘူး။

အသက် ၈၉ နှစ်ရှိပြီြဖ်တဲ့ သမ္မတ ရောဘတ် မူဂါဘီ နဲ့ သူ့ရဲ့ပြိုင်ဘက် ဝန်ကြီးချုပ် မော်ဂန် ချန်ဂရိုင်းတို့ နှစ်ယောက်စလုံးက ဒီအခြေခံဥပဒေမူကြမ်းကို ထောက်ခံထားတာကြောင့် အတည်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို ၅ ရက်အတွင်း ကြေညာသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဇင်ဘာဘွေ အာဏာပိုင်တွေက ပြောပါတယ်။

မစ္စတာ မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံကို ဆယ်စုနှစ် ၃ ခုကျော်ကြာ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ အခြေခံဥပဒေအရဆိုရင်တောင်မှ တကယ်လို့ နောက်ထပ်အရွေးခံရမယ်ဆိုရင် သူဟာ နောက်ထပ် ၁၀ နှစ်လောက် သမ္မတအဖြစ် ဆက်ရှိသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် မော်ဂန်ချန်ဂရိုင်းကတော့ ဒီအခြေခံဥပဒေသစ်က အစိုးရအတွင်းမှာ မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်း ရှိမရှိဆိုတာ အပြန်အလှန်ထိန်းညှိသွားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG