သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဂါဘီ ဇင်ဘာဘွေသမ္မတရာထူး ဆက်ယူမည်


ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ။
ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ။
ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲရလဒ်ကို အတိုက်အခံတွေက ကန့်ကွက်ထားပြီး တချို့နိုင်ငံတွေကလည်း ဒီကိစ္စသံသယ ရှိကြောင်း ပြောဆိုနေကြပေမဲ့၊ သမ္မတ ရောဘတ်မူဂါဘီ (Robert Mugabe) ကတော့ ဗုဒ္ဓဟူးနေ့ သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ကြေညာ လိုက်ပြီး၊ သူ့ရဲ့ ၃၃ နှစ်တာ အုပ်ချုပ်ရေးကို ဆက်လက် အချိန်တိုးပြီး သမ္မတတာဝန်ယူသွားဖို့ ရှိနေပါတယ်။

ဇင်ဘာဘွေ ရွေးကောက်ပွဲကော်မရှင်က ကလည်း မစ္စတာ မူဂါဘီ အနိုင်ရကြောင်းကို စနေနေ့က ကြေညာခဲ့ပါတယ်။ အတိုက်အခံပြိုင်ဘက် ဝန်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်းက မဲစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းကိုသာ ရရှိခဲ့ပြီး မစ္စတာ မူဂါဘီကကတော့ ၆၁ ရာခိုင်နှုန်းနဲ့ နောက်ထပ် ၅ နှစ် သမ္မတသက်တမ်း တာဝန်ယူဖို့ အနိုင်ရလိုက်တဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။

သမ္မတ မူဂါဘီ ရဲ့ ZANU-PF ပါတီ က ပါလီမန်လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံကျော် အများစုကို အနိုင်ရလိုက်တဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဆင်ခွင့်လည်း ရမှာဖြစ်ပါတယ်။ မစ္စတာ ရှန်ဂရိုင်းရဲ့ဒီမိုကရက်စီ ပြုပြင်ပြေင်းလဲရေးလှုပ်ရှားမှု MDC ပါတီ ကတော့ ပါလီမန်လွှတ်တော်နေရာ ၂၁၀ နဲ့ အနည်းစုကိုသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မစ္စတာ ရှန်ဂရိုင်းက သမ္မတ နဲ့ လွှတ်တော်ရွေးကောက်ပွဲ ရလဒ်တွေဟာ သိပ်ကို ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတယ်လို့ ဆိုပြီး ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ ပတ်သက်လို့ တရားရုံးမှာ ရင်ဆိုင်သွားဖို့ရှိပြီး၊ ရွေးကောက်ပွဲသစ်တွေ ကျင်းပဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို MDC ပါတီက လုံး၀ ကန့်ကွက်တဲ့အကြောင်း နဲ့ သူ့ပါတီအနေနဲ့ အစိုးရသစ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ လည်း မစ္စတာ ရှန်ဂရိုင်းက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားပါတယ်။

MDC ပါတီရဲ့ ခုလိုကန့်ကွက်မှုကြောင့် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲ ပဋိပက္ခတွေ နောက်ပိုင်း သွေးထွက်သံယိုအကြမ်းဖက်မှုတွေ တဖန်ပြန်ဖြစ် လာနိုင်တဲ့အရေး စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
XS
SM
MD
LG